အကြောင်းအရာသို့ ကျော်သွားရန်

Hebron

56 verses

31.5300, 35.0900 Google Maps တွင် ကြည့်ရန်

Hebron ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မိမိ၌ပါသောလူများ၊ အိမ်ထောင်များတို့ကိုလည်း ဒါဝိဒ်သည် ခေါ်ခဲ့၍သူတို့သည် ဟေဗြုန်မြို့ရွာတို့၌ နေကြ၏။

  2. ဒါဝိဒ်သည် ဟေဗြုန်မြို့၌နေ၍ ယုဒအမျိုးကို အစိုးရသောနှစ်ပေါင်းကား ခုနစ်နှစ်နှင့်ခြောက်လဖြစ် သတည်း။

  3. အာသဟေလ၏ အလောင်းကိုထမ်းသွား၍ ဗက်လင်မြို့၌ရှိသော သူ့အဘ၏သင်္ချိုင်းတွင် သင်္ဂြိုဟ် ကြ၏။ ယွာဘနှင့် သူ၏လူတို့သည် တညဉ့်လုံးသွား၍၊ မိုဃ်းလင်းစတွင်ဟေဗြုန်မြို့သို့ရောက်ကြ၏။

  4. ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသားအာမနုန်တည်း။

  5. ဆဋ္ဌမသားကား၊ မြောက်သားတော် ဧဂလာ တွင် မြင်သောသား ဣသရံတည်း။ ဤရွေ့ကား၊ ဟေဗြုန် မြို့၌ ဒါဝိဒ်မြင်သောသားတည်း။

  6. တဖန်အာဗနာသည် ဗင်္ယာမိန်အမျိုးသားတို့ကို လည်း သွေးဆောင်လေ၏၊ နောက်တဖန် ဣသရေလ အမျိုး အလိုရှိသမျှအရာ၊ ဗင်္ယာမိန်အမျိုး တညီညွတ် တည်း အလိုရှိသမျှသောအရာတို့ကို ဟေဗြုန်မြို့၌ ဒါဝိဒ် အား ပြန်လျှောက်ခြင်းငှါ သွား၍၊

  7. လူနှစ်ကျိပ်ပါလျက် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ ရောက်သဖြင့်၊ ဒါဝိဒ်သည် ပွဲလုပ်၍ အာဗနာနှင့် သူ၏ လူတို့ကိုကျွေး၏။

  8. ထိုအခါ ယွာဘနှင့်ဒါဝိဒ်၏ကျွန်တို့သည် ရန်သူအလုံးအရင်းကို လိုက်ရာမှပြန်လာ၍၊ လက်ရဥစ္စာများကို ယူခဲ့ကြ၏။ အာဗနာသည် ဒါဝိဒ် နှင့်အတူဟေဗြုန်မြို့၌ မရှိ။ ဒါဝိဒ်သည် လွှတ်လိုက်၍ သူသည်ငြိမ်ဝပ်စွာ သွားနှင့်ပြီ။

  9. အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ၊ ယွာဘသည် သင့်အတင့်နှုတ်ဆက်ခြင်ငှါ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ ဝမ်းကိုထိုး၍ သူသည်လည်း သေ၏။

  10. အာဗနာကိုဟေဗြုန်မြို့၌ သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းအနားမှာ ရှင်ဘုရင်သည် အသံကိုလွှင့်၍ ငိုကြွေး ၏။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြ၏။

  11. အာဗနာသည် ဟေဗြုန်မြို့၌ သေကြောင်းကို ရှောလူ၏သားသည် ကြားသော် အားလျော့၏။ ဣသ ရေလလူအပေါင်းတို့သည် ပူပန်သောစိတ်ရှိကြ၏။

  12. ဣရှဗောရှက်၏ ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ် ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူရှောလု၏ သားဣရှဗောရှက်၏ ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင် မင်းကြီးခံရတော်မူသော အပြစ်ကိုထာဝရဘုရားသည် ရှောလု၌၎င်း၊ သူ၏အမျိုးအနွယ်၌၎င်း၊ ယနေ့ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊

  13. လုလင်တို့ကကိုမိန့်တော်မူ၍ ထိုသူနှစ်ယောက် ကိုက်သတ်ကြ၏။ လက်ခြေတို့ကိုဖြတ်၍ ဟေဗြုန် ရေကန်အနားမှာ ဆွဲထားကြ၏။ ဣရှဗောရှက်၏ ဦးခေါင်းကိုကားယူ၍ ဟေဗြုန်မြို့တွင် အားဗနာသင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။

  14. ထိုအခါ ဣသရေလအမျိုးအနွယ်အပေါင်းတို့ သည် ဒါဝိဒ်ရှာရာ ဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော်တို့ သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။

  15. ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့၌ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့ခြင်း၊ သူတို့သည် ဒါဝိဒ်ကို ဘိတ်သိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။

  16. ဟေဗြုန်မြို့၌နေ၍ ယုဒပြည်ကို ခုနစ်နှစ်နှင့် ခြောက်လမင်းပြု၏။ ယေရုရှလင်မြို့၌နေ၍ ယုဒပြည်နှင့် ဣသရေလပြည်တရှောက်လုံးကို အနှစ်သုံးဆယ်သုံးနှစ် မင်းပြု၏။

  17. ဒါဝိဒ်သည် ဟေဗြုန်မြို့မှပြောင်းသောနောက်၊ ယေရုရှလင်မြို့သူ မယားကြီးမယားငယ်တို့ကို ထပ်၍ သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။

  18. လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင်၍၊

  19. ရှင်ဘုရင်က၊ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ၍ ဟေဗြုန်မြို့သို့သွား၏။

  20. သို့ရာတွင် လျှို့ဝှက်သောသူတို့ကို ဣသရေလအမျိုးအနွယ်ရှိသမျှသို့ အနှံ့အပြားစေလွှတ်သဖြင့်၊ သင်တို့ သည် တံပိုးမှုတ်သံကို ကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို့၌ နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟု မှာထားလေ၏။

  21. ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံး ဆယ်သုံးနှစ် မင်းပြု၍ ဣသရေလနိုင်ငံကို အနှစ် လေးဆယ်စိုးစံတော်မူ၏။

  22. ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသား အာမနုန်တည်း။ ဒုတိယသားကား၊ ကရ မေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလ တည်း။

  23. ထိုသားခြောက်ယောက်တို့ကို ဟေဗြုန်မြို့၌ မြင်၏။ ထိုမြို့တွင် ခုနစ်နှစ်နှင့်ခြောက်လမင်းပြု၏။ ယေရုရှလင်မြို့တွင် အနှစ်သုံးဆယ်သုံးနှစ်မင်းပြု၏။

  24. ယုဒခရိုင်၌ ဟေဗြုန်မြို့နှင့် မြို့နယ်ကိုရကြ၏။

  25. ပြေး၍မှီခိုရာဟေဗြုန်မြို့မှတပါး၊ ယုဒခရိုင်ထဲက လိဗနမြို့နှင့် မြို့နယ်၊ ယတ္တိရမြို့နှင့်မြို့နယ်၊ ဧရှတမောမြို့ နှင့်မြို့နယ်၊