အကြောင်းအရာသို့ ကျော်သွားရန်

Babylon

255 verses · 3 known names

အခြားအမည်: Babylon's, Sheshach

32.5300, 44.4200 Google Maps တွင် ကြည့်ရန်

Babylon ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန် ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဘို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။

  2. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေကိုမခံ၊ သူ၏ထမ်းဘိုး ကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ ဆုံးရှုံးစေခြင်းငှါ၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလ နာဘေးဖြင့် ငါအပြစ်ပေးမည်။

  3. သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အားပြောတတ်သော ပရော ဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာ ဆရာ၊ ပြုစားတတ်သော ဆရာတို့၏ စကားကို နား မထောင်ကြနှင့်။

  4. ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးထမ်း၍၊ သူ၏ အစေကိုခံသော လူမျိုးတို့အား၊ မိမိတို့ပြည်၌နေရသော အခွင့်ကို ငါပေးသဖြင့်၊ သူတို့သည် မိမိတို့မြေ၌လုပ်၍ နေရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  5. ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒ ရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ ထမ်းဘိုးကိုထမ်း၍၊ သူနှင့် သူ၏လူများ အစေကို ခံလျက်၊ အသက်ချမ်းသာပါလော့။

  6. ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုမခံသော လူမျိုး ကို ထာဝရဘုရား ရည်မှတ်၍ မိန့်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် ကိုယ်တော်၏ လူတို့သည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း။

  7. သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အား ဟောပြောသောပရောဖက်တို့၏ စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ၏။

  8. ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အား လည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို ငါပြန်ပြောသည် ကား၊ ကာလမကြာမမြင့်မှီ၊ ဗိမာန် တော် တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တဖန် ဆောင်ခဲ့လိမ့်မည်ဟု သင်တို့ အား ဟောပြောသော ပရောဖက်တို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ် ကြ၏။

  9. သူတို့၏စကားကို နားမထောင်ကြနှင့်။ ဗာဗု လုန်ရှင်ဘုရင်၏ အစေကိုခံ၍၊ အသက်ချမ်းသာကြလော့။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ရောက်ရ မည်နည်း။

  10. သူတို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ခံ၍၊ ပရောဖက်မှန်လျှင်၊ ဗိမာန်တော်၌၎င်း၊ နန်းတော်၌ ၎င်း၊ ယေရုရှလင်မြို့၌၎င်း ကျန်ကြွင်းသေးသော တန်ဆာ တို့ကို ဗာဗုလုန်မြို့သို့ ယူ၍မသွားရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား တောင်း ပန်ကြလော့။

  11. ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင် ယောယကိမ်သား ယေခေါနိ အစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော်အပေါင်း တို့ကို၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသော အခါ၊ ထိုရှင်ဘုရင်သည် မသိမ်းမယူ၊ ဗိမာန်တော်၌၎င်း၊ နန်းတော်၌၎င်း၊ ယေရုရှလင်မြို့၌၎င်း ကျန်ကြွင်းသေး သောတိုင်၊ ရကန်၊ ရေကန်အခြေတို့ကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

  12. ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ သွားရလိမ့် မည်။ ငါအကြည့် အရှင်မကြွလာမှီတိုင်အောင်၊ ထိုမြို့၌ ရှိနေရကြလိမ့်မည်။ ငါကြွလာသောအခါ၊ ထိုတန်ဆာ တို့ကို ငါဆောင်ခဲ့၍၊ ဤအရပ်၌ ပြန်ထားမည်ဟု မိန့်တော်မူ၏။

  13. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်။

  14. ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသောဗိမာန်တော် တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင်၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။

  15. ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သား အပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း၊ ဤအရပ် သို့ငါဆောင်ခဲ့ဦးမည်။ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်ဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို၊ ဗိမာန်တော်၌ ယဇ် ပုရောဟိတ်များ၊ လူများအပေါင်းတို့ ရှေ့မှာ ငါ့အား ပြောဆို၏။

  16. အာမင်၊ ထာဝရဘုရား ပြုတော်မူပါစေသော။ ဗိမာန်တော်တန်ဆာများနှင့်တကွ၊ ဤအရပ်မှ ဗာဗုလုန် မြို့သို့ သိမ်းသွားသော သူများအပေါင်းတို့ကို၊ ထာဝရ ဘုရားသည် တဖန်ဆောင်ခဲ့၍၊ သင်ဟောပြောသော စကားမှန် ကြောင်းကို ပြတော်မူပါစေသော။

  17. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ လူအမျိုးမျိုးတို့၏ လည်ပင်းပေါ်မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို၊ လူအပေါင်း တို့ရှေ့မှာ ပြောဆို၏။ ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ၏။

  18. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာ၏ အစေကို ခံစေခြင်းငှါ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းဘိုးကို ငါတင်ပြီ။ ထိုသူတို့သည် ထိုမင်း၏ အစေ ကို ခံရကြမည်။ တောတိရစ္ဆာန်များကိုလည်း၊ သူ၌ ငါအပ်ပေးပြီဟု မိန့်တော်မူ၏။

  19. ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစ ရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊ ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည် စာရေး ၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊ ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာ သို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊

  20. ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစ ရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊ ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည် စာရေး ၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊ ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာ သို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊

  21. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့ အား မိန့်တော်မူသည်ကား၊

  22. တဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကိုတည်စေ၍၊ သင်တို့ကို ဤပြည်သို့ငါပို့ဆောင်ဦးမည်။

  23. ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်မှစ၍၊ ဤမြို့၌ နေသောသူအပေါင်းတည်းဟူသော၊ သင်တို့နှင့်အတူ သိမ်းသွားခြင်းကို မခံရသော သင်တို့ညီအစ်ကိုများကိုရည်မှတ်၍၊

  24. ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ ဆိုကြသည်ဖြစ်၍၊

  25. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏နာမကို အမှီပြု၍ သင်တို့အား မုသားစကားကို ဟောပြောသော၊ ကောလာယသား အာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ငါအပ်၍၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက်၌ သတ်လိမ့်မည်။