အကြောင်းအရာသို့ ကျော်သွားရန်

Rehoboam

42 အခန်းငယ် · 14 မိသားစုဝင်

အခြားအမည်: Roboam

Rehoboam ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ ရောဗောင်မင်းကြီးသည်၊ အခွန်တော် ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလအမျိုးသားတို့ သည် သူ့ကိုသေအောင်ကျောက်ခဲနှင့် ပစ်ကြ၏။

  2. ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက် သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍၊ နိုင်ငံတော် ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှါ၊ ယုဒအမျိုး နှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ်သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေးစေ၏။

  3. သင်သည် ရှောလမုန်သား ယုဒရှင်ဘုရင် ရော ဗောင်နှင့်ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်၌ရှိသော ဣသရေလ လူအပေါင်းတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊

  4. ရောဗောင်သည် ယေရုရှလင်မြို့၌နေ၍၊ ယုဒပြည် ၌ ခိုင်ခံ့သောမြို့ တို့ကိုပြုစုရာတွင်၊

  5. ထိုသူတို့သည် ယုဒနိုင်ငံကို အားပေး၍ ရှော လမုန်သား ရောဗောင်ကို သုံးနှစ်ပတ်လုံးခိုင်ခံ့စေကြ၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း၊ ရှောလမုန်လမ်းသို့ လိုက်ကြ ၏။

  6. ရောဗောင်သည်လည်း ဒါဝိဒ်သား ယေရိမုတ် သမီး မဟာလတ်၊ ယေရှဲသား ဧလျာဘသမီး အဘိဟဲလ နှင့်စုံဘက်၍၊

  7. ရောဗောင်သည် ခင်ပွန်းတဆယ်ရှစ်ယောက်၊ ဗမာင်းမမိဿံ ခြောက်ဆယ်တို့ကို သိမ်းယူ၍၊ သားနှစ် ဆယ်ရှစ်ယောက်၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင်၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမ မိဿံအပေါင်းတို့ထက်သာ၍ ချစ်သောကြောင့်၊

  8. မာခါ၏ သားအဘိယကို ရှင်ဘုရင်အရာ၌ ခန့် ထားမည်အကြံရှိ၍၊ ညီအစ်ကိုတို့တွင်၊ အကြီးဆုံးဖြစ်စေ ခြင်းငှါ ချီးမြှောက်လေ၏။

  9. ရောဗောင်မင်းသည် မိမိနိုင်ငံကို တည်စေ၍ အားကြီးသောအခါ၊ ဣသရေလအမျိုးရှိသမျှနှင့်တကွ ထာဝရဘုရား၏ တရားတော်ကို စွန့်၍၊

  10. ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရော ဗောင်မင်းကြီးနန်းစံ ငါးနှစ်တွင်၊

  11. ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ၍၊ ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင်၊

  12. ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ကြေးဝါ ဒိုင်းတို့ကိုလုပ်၍၊ နန်းတော်တံခါးစောင့်၊ ကိုယ်ရံတော်မှူး၌ အပ်လေ၏။

  13. ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကိုခိုင်ခံ့စေ၍ စိုးစံသော သေး၏။

  14. ရောဗောင်ပြုမူသော အမှုအရာအစအဆုံးတို့ သည်၊ ပရောဖက်ရှေမာယ၏ကျမ်းနှင့်၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း၌ ရေးထားလျက် ရှိ၏။ ရောဗောင်နှင့် ယေရောဗောင်တို့သည်၊ အသက် ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ၏။

  15. ရောဗောင်သည်လည်း၊ ဘိုးဘေးတို့နှင့် အိပ် ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ရောဗောင်သည် နန်းထိုက်သောအခါ၊ အသက် လေးဆယ်တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော် တည်စေရာဘို့၊ ဣသရေလခရိုင်များတို့အထဲက ရွေး ကောက်သောယေရုရှလင်မြို့၌၊ ဆယ်ခုနစ်နှစ်စိုးစံလေ ၏။ မယ်တော်ကားအမ္မန်အမျိုးသား၊ နေမအမည်ရှိ၏။

  16. ရှောလမုန်သားရောဗောင်သည် အသက်ငယ်၍ သဘောနူးညံ့သောကြောင့်၊ မဆီးတားနိုင်သောအခါ၊ လှပ်ပေါ်သောသူ၊ အစမ္မလူတို့သည် ယေရောဗောင်ထံမှာ စုဝေး၍၊ ရောဗောင်မင်းတဘက်၌ ကိုယ်ကို ခိုင်ခံ့စေ ကြ၏။

  17. ရှောလမုန်သား ရောဗောင်။ ရောဗာင်သား အဘိယ။ အဘိယာသား အာသ။