အကြောင်းအရာသို့ ကျော်သွားရန်

Pharaoh

138 အခန်းငယ်

Pharaoh ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင်ထံသို့ဝင်၍ ငါ၏ လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့။

  2. ထိုအခါ ဖါရောမင်းသည်၊ မောရှေနှင့် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားသည် ဘားတို့ကိုငါနှင့် ငါ့လူတို့ ထံမှ ပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော် ရသောအခွင့်ကို ငါပေးမည်ဟု ဆို၏။

  3. မောရှေကလည်း၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဘားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာနေစေ ခြင်းငှါ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဘို့ အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါဟု လျှောက်သော်၊

  4. အာရုန်နှင့်အတူ အထံတော်မှထွက်သွား၍၊ ဖါရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော် မူသော ဘားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပဌနာပြုလေ၏။

  5. ဖါရောမင်းလည်း၊ သက်သာရကြောင်းကို သိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲ နေပြန် လေ၏။

  6. ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည် ဘုရား သခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖါရောဘုရင်အား လျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။

  7. ထာဝရဘုရားကလည်း၊ သင်သည် နံနက် စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖါရော ဘုရင်ရှေ့မှာ ရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။

  8. ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန် ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖါရောဘုရင်အိမ် အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက် လေ၏။

  9. ထိုအခါ၊ ဖါရောဘုရင်သည် မောရှေနှင့် အာရုန် ကို ခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌သင်တို့၏ ဘုရား သခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော်၊

  10. ဖါရောဘုရင်ကလည်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော်မည်အကြောင်း၊ သွားရသောအခွင့်ကို ငါပေးမည်။ သို့ရာတွင် ဝေးဝေး မသွားရကြ။ ငါ့အဘို့တောင်းပန်လော့ဟု မိန့်တော်မူ၏။

  11. မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ မှ ထွက်သွား၍ ယင်ရဲတို့သည် ဖါရောဘုရင်နှင့် သူ၏ ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည်။ သို့ရာတွင် ဣသ ရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည် အကြောင်း၊ နောက်တဖန် ဆီးတား၍ လှည့်စားတော် မမူပါနှင့်ဟု လျှောက်ပြီးလျှင်၊

  12. ဖါရောဘုရင်ထံမှထွက်သွား၍ ထာဝရဘုရားကို တောင်းပန်လေ၏။

  13. ထာဝရဘုရားသည်လည်း၊ မောရှေစကားကို နားထောင်၍ ယင်ရဲတို့ကို ဖါရောဘုရင်နှင့်သူ၏ကျွန်များ၊ လူများထံမှာ တကောင်မျှ မကျန်စေခြင်းငှါ ပယ်ရှား တော်မူ၏။

  14. ထိုအခါ၌လည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။

  15. ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင် ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကို လွှတ်လော့။

  16. ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသ ရေလအမျိုးသားတို့၏ တိရစ္ဆာန်တကောင်မျှ မသေ ကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။

  17. ထာဝရဘုရားကလည်း၊ မီးဖိုထဲကပြာကို လက် နှင့်ယူ၍ မောရှေသည် ဖါရောဘုရင်ရှေ့၌ မိုဃ်းကောင်း ကင်သို့ပစ်လွှင့်စေ။

  18. သူတို့သည် မီးဖိုထဲကပြာကိုယူ၍၊ ဖါရောဘုရင် ရှေ့မှာရပ်လျက်၊ မောရှေသည် မိုဃ်းကောင်းကင်သို့ ပစ် လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲ အကျိတ်ပြည့်သော အနာဆိုးဖြစ်လေ၏။

  19. ထာဝရဘုရားသည် ဖါရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအား မိန့်တော်မူ သည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲ နေလေ၏။

  20. တဖန်ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖါရောဘုရင်ရှေ့မှာရပ်လျက်၊ ဟေဗြဲလူတို့၏ ဘုရား သခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြု မည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။

  21. ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ ကျွန်တို့သည်၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ၏။

  22. ထိုအခါ ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ မောရှေနှင့် အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ ငါပြစ်မှားပြီ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။

  23. မောရှေသည် ဖာရောဘုရင်ထံမှထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကို ဖြန့်သဖြင့်၊ မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲလေ၏။ မြေပေါ်၌လည်း မိုဃ်းမရွာ။

  24. ထိုသို့ မိုဃ်းမရွာ၍ မိုဃ်းသီးနှင့် မိုဃ်းကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင်၊ တဖန်ပြစ်မှား၍၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ၏။

  25. ထိုသို့ ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း။