အကြောင်းအရာသို့ ကျော်သွားရန်

John

35 အခန်းငယ် · 3 မိသားစုဝင်

အခြားအမည်: Boanerges

John ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့် ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ် ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍၎င်း၊

  2. ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော် ကိုနားထောင်သည်ထက် သင်တို့၏ စကားကိုသာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြ လော့။

  3. ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။

  4. ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထား နှင့်ကွပ်မျက် လေ၏။

  5. အမှီတကဲဖြစ်သောယာကုပ်၊ ကေဖ၊ ယောဟန် တို့သည်လည်း၊ ငါရသောကျေးဇူးတော်ကို သိကြသော အခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါတို့သည်တပါးအမျိုး သားတို့ဆီသို့သွားမည်အကြောင်း၊ လက်ျာလက်ခံခြင်းကို ဗာနဗနှင့်ငါ့အား ပေးကြ၏။

  6. ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်း ကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။

  7. ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနှစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ် ခုနှစ်ပါးအထံက၎င်း၊

  8. ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဘော်အဘက၊ သင်တို့အစ်ကို ငါ ယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှု ခရစ်၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင် ၊

  9. သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။

  10. ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင် တမန်၏ ခြေရင်း၌ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။