God
God ကို ဖော်ပြသော အခန်းငယ်များ
ထိုအရှင်၏ ရန်သူများကို ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည်။ သူ၏ဦးရစ်သရဖူသည် ဘုန်းပွင့်လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။
ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ ကျသော နှင်းကဲ့သို့ ဖြစ်၏။ ထိုသို့နေကြသော အရပ်၌၊ ထာဝရဘုရားသည် အစဉ်အမြဲ အသက်ရှင်ခြင်းအခွင့် တည်းဟူသော ကောင်းကြီးမင်္ဂလာကို စီရင်တော်မူ၏။
ထာဝရဘုရား၏ အိမ်တော်၌ ညဉ့်ယံစောင့် သော ထာဝရဘုရား၏ ကျွန်တော်အပေါင်းတို့၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့။
သန့်ရှင်းရာဌာနတော်သို့ လက်ကိုချီ၍၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့။
ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ သော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က၊ သင့်ကို ကောင်းကြီးပေးတော်မူပါ စေသော။
ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြ လော့။
ထာဝရဘုရား၏ အိမ်တော်၊ ငါတို့ ဘုရား သခင်၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ ကျွန်တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူသော ကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ၏။
အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ၎င်း ရွေးကောက်တော်မူပြီ။
ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့ ၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို ငါသိ၏။
ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။
မြေကြီးစွန်းမှ မိုဃ်းတိမ်တို့ကို တက်စေတော် မူ၏။ မိုဃ်းနှင့်တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။
သူတို့နေရာ မြေကိုလွှဲ၍၊ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချေတော်မူ၏။
အိုထာဝရဘုရား၊ ကိုယ်တော်၏ အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော် သည် ကာလအစဉ်အဆက် တည်ပါ၏။
ထာဝရဘုရားသည် မိမိကျွန်တို့၏ အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။
အိုဣသရေလ အမျိုး၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အိုအာရုန် အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။
အိုလေဝိအမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်း ကြီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။
ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော် မူစေသတည်း။ ဟာလေလုယ။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
ဘုရားတို့၏အရှင်၊ ဘုရားသခင်၏ ကရုဏာ တော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
အရှင်တို့၏သခင်၊ ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ အံ့ဘွယ်သောအမှုတို့ကို တပါးတည်းသာပြုတော် မူထသော၊
ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူ ထသော၊
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကို ဖြန့်တော်မူထသော၊
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊