God
God ကို ဖော်ပြသော အခန်းငယ်များ
နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ ၏။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ် အမြဲ တည်ကြပါ၏။
အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသော်လည်း၊ အကျွန်ုပ်စိတ်နှလုံး သည် စကားတော်ကို ကြောက်ရွံ့ပါ၏။
လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏။
မုသာစကားကို ကြားပျင်းရွံရှာပါ၏။ တရား တော်ကိုကား နှစ်သက်ပါ၏။
ဖြောင့်မတ်စွာ စီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနစ်ကြိမ် ချီးမွမ်းတတ်ပါ၏။
တရားတော်ကို နှစ်သက်သော သူတို့၌ ကြီးစွာ သော ငြိမ်ဝပ်ခြင်း ရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်း မရှိပါ။
အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူး ကို အကျွန်ုပ်မြော်လင့်၍၊ ပညတ်တော်တို့ကို ကျင့်ပါ၏။
သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။
ကိုယ်တော်၏ ဥပဒေသတို့နှင့် သက်သေခံတော် မူချက်တို့ကို စောင့်ပါ၏။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ရှိကြပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ် အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော။ နှုတ်ကပတ်တော် အတိုင်း ဉာဏ်ကို ပေးသနားတော်မူပါ။
အသနားခံသောစကားသည် ရှေ့တော်သို့ ရောက်ပါစေသော။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသော အခါ၊ အကျွန်ုပ်၏နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆို ပါမည်။
အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်။
ကိုယ်တော်၏ ဥပဒေသများကို နှစ်သက်ပါ သည်ဖြစ်၍၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေ သော။
အို ထာဝရဘုရား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တပါ၏။ တရားတော်သည် လည်း အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။
အကျွန်ုပ်သည် အသက်ရှင်၍၊ ကိုယ်တော်ကို ချီးမွမ်းပါစေသော။ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော။
ပျောက်သော သိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ။ ကိုယ်တော်၏ ကျွန်ကိုရှာတော်မူပါ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။
အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကို အော်ဟစ်၍၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။
အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာ မရှိသော နှုတ်မှ၎င်း၊ လှည့်စားတတ်သော လျှာမှ၎င်း ကယ်နှုတ်တော်မူပါ။
ကော်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ၊ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
သင်၏ ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော် မမူ။ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ။
အကယ်စင်စစ် ဣသရေလအမျိုးကို စောင့် သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။
ထာဝရဘုရားသည် သင့်ကို စောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ျာဘက်၌ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ၏။
ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော် မူလိမ့်မည်။
ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်အပြတ် စောင့်တော်မူ လိမ့်မည်။