အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အို ထာဝရဘုရား၊ အကျွန်ုပ်သည် အလွန် ဆင်းရဲခြင်းကို ခံရပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။

  2. အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာ စိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။

  3. အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိ ပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။

  4. မတရားသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းကို ထောင်ထားကြပါ၏။ သို့သော်လည်း၊ ကိုယ်တော် ၏ ဥပဒေသများမှ လွှဲ၍ မသွားပါ။

  5. အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှါ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။

  6. အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း၍၊ ကိုယ်တော်၏တရားကို နှစ်သက်ပါ၏။

  7. ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏။

  8. ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင် မည်။

  9. အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ။ အကျွန်ုပ် မြော်လင့်ခြင်းအကြောင်းမှ မရှက်မကြောက်ပါစေနှင့်။

  10. အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက် ရှုပါမည်။

  11. အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ ကို ပယ်တော်မူ၏။ သူတို့ပရိယာယ်သည် မုသာဖြစ်ပါ၏။

  12. မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့ သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။

  13. ကိုယ်တော်ကို ထိတ်လန့်သဖြင့်၊ အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှာ ကြောက် ပါ၏။

  14. ကိုယ်တော်၏ ကျွန်အဘို့အလိုငှါ အာမခံတော်မူ ပါ။ မာနကြီး သောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြ ပါစေနှင့်။

  15. ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့် မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ။

  16. ကရုဏာတော်ရှိသည်အတိုင်း၊ ကိုယ်တော်၏ ကျွန်၌ပြု၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။

  17. အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ သက်သေခံတော်မူချက်တို့ကိုနားလည်နိုင်သော ဉာဏ်ကို ပေးသနားတော်မူပါ။

  18. အို ထာဝရဘုရား၊ စီရင်တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏။

  19. အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက် မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။

  20. သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့ သည် ဖြောင့်ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာလမ်းရှိသမျှ တို့ကို မုန်းပါ၏။

  21. နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မစေတတ်ပါ၏။

  22. ပညတ်တော်တို့ကို အကျွန်ုပ် တောင့်တအားကြီး သဖြင့်၊ နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏။

  23. နာမတော်ကို ချစ်သော သူတို့၌ ပြုတော်မူတတ် သည်အတိုင်း၊ အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနား တော်မူပါ။

  24. မိန့်တော်မူချက် အစဉ်အတိုင်း အကျွန်ုပ်ခြေ လှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည် သော ဒုစရိုက်မျှအစိုးမရပါစေနှင့်။

  25. လူတို့၏ ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနှုတ် တော်မူပါ။ ကိုယ်တော်၏ဥပဒေသများကို စောင့်ပါ မည်။