God
God ကို ဖော်ပြသော အခန်းငယ်များ
ဘုရားသခင်သည် အမှုရောက်စေ၍၊ သူတို့ စိတ်ကိုနှိမ့်ချတော်မူ၏။ သူတို့သည် လဲ၍ထောက်မသော သူမရှိဘဲ၊
ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကို အော် ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။
လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကိုထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြစေ။
အကြောင်းမူကား၊ ကြေးဝါးတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်တော်မူ၏။
ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲ ဒုက္ခထဲက ကယ်တင်တော်မူ၏။
နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်၊ သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်းအရာများထဲက နှုတ်ယူတော် မူ၏။
လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
ကျေးဇူးတော် ဝန်ခံရာယဇ်ကို ပူဇော်၍၊ ရွှင် လန်းသော အသံနှင့်တကွ အမှုတော်တို့ကို ကြားပြော ကြစေ။
နက်နဲရာအရပ်၌ ထာဝရဘုရား၏ အမှုတော် တို့နှင့်၊ အံ့ဘွယ်သော အမှုတော်တို့ကို မြင်ရကြ၏။
အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်းတိုက်သဖြင့်၊ လှိုင်းတံပိုးတို့ကို ထစေ၏။
ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲ ဒုက္ခထဲက ထုတ်ဆောင်တော်မူ၏။
ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာ သင်္ဘောဆိပ်သို့ ပို့ဆောင် တော်မူ၏။
လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
လူပရိတ်သတ်၏ အလယ်မှာ ထာဝရဘုရားကို ချီးမြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ။
ထိုအရပ်၌လည်း၊ ငတ်မွတ်သောသူတို့ကို နေရာ ချတော်မူ၍၊ သူတို့သည် မိမိနေစရာဘို့မြို့ကို တည်ကြ၏။
ဆင်းရဲသောသူကိုလည်း ဒုက္ခမှ ထမြောက်စေ ၍၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏။
အကြင်သူသည်ပညာရှိ၏၊ ထိုသူသည် ဤအမှု အရာတို့ကို ဆင်ခြင်၍၊ ထာဝရဘုရား၏ ကရုဏာ ကျေးဇူးတော်ကို နားလည်လိမ့်မည်။
အိုဘုရားသခင်၊ အကျွန်ုပ် နှလုံးသည် တည် ကြည်ပါ၏။ သီချင်းဆိုပါမည်။ ဝိညာဉ်ပါလျက် ချီးမွမ်း ထောမနာပြုပါမည်။
အို ထာဝရဘုရား၊ ပရိတ်သတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော် အား ထောမနာသီချင်းဆိုပါမည်။
အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
အို ဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း။
ချစ်တော်မူသော သူတို့သည် ချမ်းသာရမည် အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ျာ လက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍၊ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ် လယ်ပြင်ကို တိုင်းထွာမည်။
မောဘပြည်ကား ငါ့ရေချိုးအိုး ဖြစ်ရ၏။ ဧဒုံပြည်ကား ငါ့ခြေနင်းရာဖြစ်ရ၏။ ဖိလိတ္တိပြည် အပေါ် မှာ အောင်သံနှင့် ကြွေးကြော်မည်။
အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော် မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော် မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။