အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယုဒအမျိုးကို၎င်း၊ ချစ်တော်မူသော ဇိအုန် တောင်ကို၎င်း ရွေးတော်မူ၏။

  2. သန့်ရှင်းရာဌာနတော်ကို အထွဋ်ကဲ့သို့ တည် ဆောက်၍၊ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ၏။

  3. ကျွန်တော်မျိုး ဒါဝိဒ်ကို သိုးခြံများထဲက ရွေးယူ တော်မူ၏။

  4. သားငယ်ရှိသော သိုးမတို့ကို ထိန်းခြင်းအမှုမှ နှုတ်၍၊ မိမိလူတည်းဟူသော ယာကုပ်အမျိုးသား၊ အမွေ တော်တည်းဟူသော ဣသရေလလူတို့ကို ကျွေးမွေးစေခြင်း ငှါ ခန့်ထားတော်မူ၏။

  5. အိုဘုရားသခင်၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော် ကို ညစ်ညှုးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။

  6. ကိုယ်တော်၏ ကျွန်အသေကောင်တို့ကို မိုဃ်း ကောင်းကင်ငှက်တို့အား၎င်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့ အသားကို တောသားရဲတို့အား၎င်း ကျွေးကြပါပြီ၊

  7. အို ထာဝရဘုရား၊ အမျက်တော်သည် အလျှင်း မငြိမ်းဘဲ အဘယ်မျှကာလပတ်လုံးထွက်ပါမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည် မပြေ၊ မီးကဲ့သို့ လောင်ပါမည်နည်း။

  8. ကိုယ်တော်ကို မသိသောတပါး အမျိုးသားတို့ အပေါ်သို့၎င်း၊ နာမတော်ကို ပဌနာမပြုသော တိုင်းနိုင်ငံ သားတို့အပေါ်သို့၎င်း၊ အမျက်တော်ကို သွန်းလောင်း တော်မူပါ။

  9. ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ် တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန် နှိမ့်ချလျက်ရှိပါသည်ဖြစ်၍၊ ကရုဏာ တော်သည် အလျင်အမြန်ကူမပါစေသော။

  10. ကယ်တင်တော်မူသောဘုရား၊ နာမတော်၏ ဂုဏ်ကို ထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်တို့ကို နှုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။

  11. သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါမည်နည်း။ သွန်ပြီးသော ကျွန်တော်မျိုး၏ အသွေးဘက်မှာ တရားစီရင်တော်မူသော အကြောင်း သည် တပါးအမျိုးသားတို့တွင် အကျွန်ုပ်တို့ မျက်မှောက်၌ ထင်ရှားပါစေသော။

  12. အချုပ်ခံရသော သူ၏ ညည်းတွားသံကို နားထောင်တော်မူပါ။ သေရသောသူတို့ကို လက်ရုံးတော် တန်ခိုးကြီးသည်နှင့်အညီ ချမ်းသာ ပေးတော်မူပါ။

  13. အကျွန်ုပ်တို့ အိမ်နီးချင်းတို့သည် ကိုယ်တော်အား ကဲ့ရဲ့ခြင်းအပြစ်ကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆတိုင်အောင် ဆပ်ပေးတော်မူပါဘုရား။

  14. သို့ဖြစ်၍၊ ကိုယ်တော်ထံ၌ ကျက်စားသော သိုးစုတည်းဟူသော ကိုယ်တော်၏လူ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အစဉ်မပြတ်ချီးမွမ်း၍၊ ဂုဏ်ကျေးဇူးတော် ကို အစဉ်အဆက် ဖြစ်လတံ့သောသးတို့အား ဘော်ပြ ကြပါမည်။

  15. သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး၊ နား ထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။

  16. ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှါ ကြွတော်မူပါ။

  17. အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲ စေ၍၊ မျက်နှာတော် အလင်းကိုပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့် မည်။

  18. ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်၏ လူတို့ပြုသော ပဌနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။

  19. ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။

  20. ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည် ကဆောင်ခဲ့၍၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက် ပျိုးတော်မူ၏။

  21. ယခုမူကား၊ လမ်း၌ ရှောက်သွားသော သူ အပေါင်းတို့သည် ဆွတ်စေခြင်းငှါ၊ သူ၏ခြံကို အဘယ် ကြောင့် ချိုးဖျက်တော်မူသနည်း။

  22. ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ တဖန် ကြွလာတော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်း ကင်က ကြည့်ရှုတော်မူပါ။ ထိုစပျစ်နွယ်ပင်ကို အကြည့် အရှုကြွလာတော်မူပါ။

  23. လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ။

  24. မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသော သူတို့သည် ပျက်စီးခြင်းသို့ ရောက် ရကြပါ၏။

  25. လက်ျာလက်တော်နှင့်ဆိုင်သောလူ၊ ကိုယ်တော် အဘို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။