အကြောင်းအရာသို့ ကျော်သွားရန်

Aaron

331 အခန်းငယ် · 9 မိသားစုဝင်

Aaron ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဤဒါသန်၊ အဘိရံတို့သည် အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက် ပြုသောအခါ၊ ပရိသတ် ၌ ကျော်စော၍ မောရှေနှင့် အာရုန်ကို ဆန့်ကျင်ဘက်ပြု သော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။

  2. အာမရံ၏ မယားကား၊ အဲဂုတ္တုပြည်၌ လေဝိ မယား ဘွားမြင်သော လေဝိ၏ သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏ မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကို ဘွားမြင်လေ၏။

  3. အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။

  4. မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ၍၊ ထိုစာရင်း၌ ဝင်သောသူ တယောက်မျှ မပါ။

  5. သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်း သွားရ မည်။

  6. မောရှေနှင့် အာရုန်စီရင်၍ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့ သည် ခရီးသွားခြင်း အကြောင်းအရာများကို၊

  7. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဉ္စမလ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့ တက်၍ အနိစ္စရောက်လေ၏။

  8. အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စ ရောက်သောအခါ၊ အသက် တရာနှစ်ဆယ်သုံးနှစ် ရှိသတည်း။

  9. ထာဝရဘုရားသည်လည်း၊ အာရုန်ကို ဖျက်ဆီးခြင်းငှါ အလွန်အမျက်ထွက်တော်မူသောကြောင့်၊ အာရုန်အဘို့ကိုလည်း ဆုတောင်းလေ၏။

  10. ငါသည်တောင်ပေါ်မှာ အရင်နေသောကာလ နှင့်အမျှ၊ အရက်လေးဆယ်ပတ်လုံး တဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကို မဖျက်ဆီး မည်အကြောင်း၊ ငါ့စကားကို နားထောင်တော်မူ၏။

  11. သင့်အစ်ကို အာရုန်သည် ဟောရတောင်ပေါ် မှာ သေ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာ သေ၍၊ သင်၏လူမျိုးစည်းဝေးရာသို့ ရောက်လော့။

  12. စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။

  13. အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံ အားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊

  14. လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေ ခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန်၏သားမြေးတို့အား ပေးကြ၏။

  15. အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသော မြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။

  16. မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူ တို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နှုတ်ဆောင်လေ၏။

  17. အာရုန်သား ယဇ်ပုရောဟိတ် ဧလာဇာသည် လည်း အနိစ္စရောက်လေ၏။ သူ၏သား ဖိနဟတ်အား လူများပေးခဲ့သော ဧဖရိမ်တောင်ပေါ်၊ ဖိနဟတ်ကုန်း၌ သင်္ဂြိုဟ်ကြ၏။ ယောရှုမှတ်စာပြီး၏။

  18. ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရ ဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။

  19. တဖန် ရှမွေလက၊ ထာဝရဘုရားသည် မောရှေနှင့် အာရုန်ကို ချီးမြှောက်၍၊ သင်တို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ဆောင်ခဲ့တော်မူ၏။

  20. ယာကုပ်သည် အဲဂုတ္တုပြည်သို့ ရောက်၍၊ သင်တို့ဘိုးဘေးတို့သည် ထာဝရဘုရားအား အော်ဟစ်သော အခါ၊ မောရှေနှင့် အာရုန်ကို စေလွှတ်သဖြင့် ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ ဤပြည်၌ နေရာချတော်မူ၏။

  21. အာမရံသားကားအာရုန်၊ မောရှေ၊ မိရိအံ တည်း။ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။

  22. အာရုန်နှင့်သူ၏ သားစဉ်မြေးဆက်မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့်၊ နံ့သာပေါင်းကို မီးရှို့ရာ ပလ္လင်ပေါ်မှာပူဇော်လျက်၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကိုစောင့်လျက်၊ ဘုရားသခင်၏ ကျွန်မောရှေ မှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏ အပြစ်ကို ဖြေရသော သူဖြစ်ကြ၏။

  23. အာရုန်၏ သားမြေးမှာ၊ အာရုန်သားကား ဧလာဇာ၊ ဧလာဇာ သား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊

  24. အာရုန်၏သား မြေးဖြစ်သော ကောဟတ် အဆွေအမျိုးတို့သည်၊ စာရေးတံပြုသောအားဖြင့် ရ၍ နေရသောမြို့နှင့် မြို့နယ်များဟူမူကား၊

  25. ပြေး၍မှီခိုရာဟေဗြုန်မြို့မှတပါး၊ ယုဒခရိုင်ထဲက လိဗနမြို့နှင့် မြို့နယ်၊ ယတ္တိရမြို့နှင့်မြို့နယ်၊ ဧရှတမောမြို့ နှင့်မြို့နယ်၊