Μετάβαση στο περιεχόμενο
ယောရှုမှတ်စာ 7:1-12

ယောရှုမှတ်စာ 7:1-12

1
သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကို သိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့ သည် ပြစ်မှားသောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူတို့၌ အမျက်ထွက်တော်မူ၏။
2
ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကို စေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့ အနားမှာရှိသော အာဣမြို့သို့ သွား၍ ထိုပြည်ကို ကြည့်ရှု ကြလော့ဟု မှာထားသည်အတိုင်း သူတို့သည် သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊
3
ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အ စင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက် သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည် မများပါဟု လျှောက်သည်နှင့်အညီ၊
4
လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့ ရှေ့မှာ ပြေးရကြ၏။
5
အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက် ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အ ရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံ ကြသောကြောင့်၊ လူများတို့၏ စိတ်နှလုံးသည် အရည်ကျို ၍ ရေကဲ့သို့ ဖြစ်လေ၏။
6
ထိုအခါ ယောရှုသည် မိမိအဝတ်ကို ဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်း ပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏ သေတ္တာတော် ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။
7
ယောရှုကလည်း၊ အိုအရှင် ထာဝရဘုရား၊ ကိုယ် တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့ အပ်၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။
8
အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ် သည် အဘယ်သို့ ပြောရပါမည်နည်း။
9
ခါနနိလူ အစရှိသော ဤပြည်သူပြည်သား အပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင်၊ အကျွန်ုပ်တို့ကို ဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့ အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။
10
ထာဝရဘုရားကလည်း၊ ထလော့။ အဘယ် ကြောင့် ဝပ်၍နေသနည်း။
11
ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထား သော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအ ရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထား လေပြီ။
12
ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ် သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲ က မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options