- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
ယေရှုသည် ဂါလိလဲအိုင်နား၌ ထင်ရှားတော်မူခြင်း
ရှင်ယောဟန်ခရစ်ဝင် 21:1-14
ယေရှုသည် ဂါလိလဲအိုင်နား၌ ထင်ရှားတော်မူခြင်း
1
တဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊
2
ရှိမုန်ပေတရုနှင့်ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။
3
ရှိမုန်ပေတရုက၊ ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့်ထွက်သွားကြ၏။ ချက်ခြင်းလှေထဲသို့ဝင်၍ ထိုညဉ့်တွင် တကောင်ကိုမျှမရကြ။
4
နံနက်ရောက်သောအခါ ယေရှုသည်ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။
5
ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစုံတခုရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။
6
တဖန်ယေရှုက၊ လှေလက်ျားဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူ သည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ၍မရနိုင်။
7
ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအားပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။
8
အခြားသော တပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများ နှင့်ပိုက်ကွန်ကို ဆွဲငင်လျက်လှေစီး၍ လာကြ၏။
9
ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသောငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။
10
ယေရှုကလည်း၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟုမိန့်တော်မူ၏။
11
ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက် ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။
12
ယေရှုကည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့် တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်နည်းဟူ၍ တစုံတယောက်မျှမမေးမလျှောက်ဝံ့ကြ။
13
ယေရှုသည် လာ၍မုန့်နှင့်ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။
14
ထိုပြတော်မူခြင်းကား၊ ယေရှုသည်သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။
ဤကျမ်းပိုဒ်ကို လေ့လာရန်
ကျမ်းပိုဒ်တစ်ခုလုံးအတွက် ဖွင့်ဆိုချက်
- မည်သူ
- မည်သည့်နေရာ
- မည်သည့်အချိန်
- About
ကျမ်းစာ၏ အခြားနေရာများတွင် ဤသို့ဖော်ပြထားသည်။
ရှင်လုကာခရစ်ဝင် 5:4
စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ ဟု ရှိမုန်အားမိန့်တော်မူ၏။အခန်းငယ် 6 မှရှင်လုကာခရစ်ဝင် 5:7
အခြားသော လှေတစင်း၌ရှိသော အပေါင်းအဘော်တို့သည်လာ၍ကူညီစေခြင်းငှါ သူတို့ကို အမှတ် ပေးသဖြင့်၊ သူတို့သည်လာ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။အခန်းငယ် 6 မှရှင်လုကာခရစ်ဝင် 5:5
ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တညဉ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှမရပါ။ သို့ရာ တွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။အခန်းငယ် 3 မှရှင်မဿဲခရစ်ဝင် 4:18
ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊အခန်းငယ် 3 မှရှင်မဿဲခရစ်ဝင် 4:20
ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။အခန်းငယ် 3 မှဖိလိပ္ပိဩဝါဒစာ 4:19
ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်။အခန်းငယ် 5 မှတမန်တော်ဝတ္ထု 10:41
လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ၊ ဘုရားသခင်ခန့် ထားတော်မူနှင့်သော သက်သေခံတည်း ဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ ထိုသခင်နှင့် အတူ ငါတို့သည်စားသောက်ရကြ၏။အခန်းငယ် 12 မှရှင်ယောဟန်ခရစ်ဝင် 6:1
ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။အခန်းငယ် 1 မှရှင်ယောဟန်ခရစ်ဝင် 20:14
ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ် တော်မူသည်ကိုမသိ။အခန်းငယ် 4 မှတမန်တော်ဝတ္ထု 2:41
ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံး ထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။အခန်းငယ် 6 မှရှင်လုကာခရစ်ဝင် 5:10
ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။အခန်းငယ် 2 မှရှင်မဿဲခရစ်ဝင် 4:21
ထိုမှလွန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။အခန်းငယ် 2 မှ



လေ့လာမှုမှတ်စု
Settings