Skip to content
ဓမ္မရာဇဝင်ပဌမစောင် 23:14-23

ဓမ္မရာဇဝင်ပဌမစောင် 23:14-23

14
ဒါဝိဒ်သည် ဇိဖတောင်အစရှိသော တောကြိုတောင်ကြားတို့၌ နေ၍၊ ရှောလုသည် နေ့တိုင်း ရှာသော်လည်း သူ၏လက်၌ ဒါဝိဒ်ကို ဘုရားသခင် အပ်တော်မမူ။
15
တရံရောအခါ ဒါဝိဒ်သည် ဇိဖတောအုပ်၌ရှိ၍၊ သူ၏ အသက်ကို သတ်မည်ဟု ရှောလုလာသည်ကို သိသောအခါ၊
16
ရှောလု၏ သားယောနသန်သည် ထ၍ဒါဝိဒ်ရှိရာ တောအုပ်သို့သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှါ ထောက်မလျက်၊
17
မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏ လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်းသင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့်၊
18
ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ၊ ဒါဝိဒ်သည် တောအုပ်၌ နေ၍ ယောနသန်သည် မိမိအိမ်သို့သွား၏။
19
တဖန် ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ကျွန်တော်တို့နေရာ ယေရှိမုန်မြို့ တောင်ဘက်မှာ၊ ဟခိလတောကြို တောင်ကြား၌ ပုန်းလျက်နေသည်ဖြစ်၍၊
20
အရှင်မင်းကြီးကြွချင်သော စိတ်အားကြီးသည် အတိုင်းကြွတော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက်တော်သို့အပ်သော အမှုသည် ကျွန်တော်တို့တာရှိပါစေဟု လျှောက်လျှင်၊
21
ရှောလုက၊ သင်တို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါစေသော။ သင်တို့သည် ငါ့ကိုသနားကြပြီ။
22
ယခုသွား၍ ပြင်ဆင်ကြလော့။ သူ ပုန်းရှောင်၍ နေရာကို၎င်း၊ အဘယ်သူ မြင်ပြီးသည်ကို၎င်း၊ စူးစမ်းကြလော့။ သူသည် အလွန်လိမ္မာသည်ကို ငါကြား၏။
23
ထိုကြောင့် သူပုန်းရှောင်ခိုလှုံရာ အရပ်ရပ်တို့ကို သေချာစွာကြည့်ရှုသိမှတ်ပြီးမှ၊ ငါ့ထံသို့ တဖန်လာကြလျှင်၊ သင်တို့နှင့် အတူငါလိုက်မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒအမျိုးသား အထောင်အသောင်းတို့တွင် ငါရှာ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊
Settings

Reading Style

Typeface

Font Size 19px

Options