Skip to content

Wise Men အကြောင်း ကျမ်းစာအခန်းငယ်များ

23 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. နံနက်အချိန် ရောက်သောအခါ၊ ဖါရောမင်း သည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်း တို့ကို ခေါ်၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်း ရှေ့တော်၌အနက်ကို ဘတ်နိုင်သောသူ တယောက်မျှမရှိ။

  2. အလုံးသေးသော စပါးနှံတို့သည် ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိမ်မက်ကို ဗေဒင်တတ် တို့အား ငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။

  3. ထိုအခါ ဖါရောဘုရင်သည် ပညာရှိများ၊ ပြုစားတတ်သောသူများတို့ကိုခေါ်၍၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာ တို့သည်၊ ဝိဇ္ဇာအတတ်အားဖြင့် ထိုအကူပြု၍၊

  4. ဘုရားသခင်သည် များစွာသော ဉာဏ်ပညာကို ၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို၎င်း ပေးတော်မူသည်ဖြစ်၍၊

  5. ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ၏။

  6. ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန်၊ မဟောလသားဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။

  7. စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင် ငါးခုရှိ၏။

  8. လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။

  9. ရှောလမုန်မင်း၏ ပညာသိတင်းကို ကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကား တော်ကို နားထောင်ခြင်းငှါ လာကြ၏။

  10. ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက် ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ၊ ငါမြင်သော အိပ်မက်အနက်ကိုဘော်ပြလော့။ ငါ့နိုင်ငံတွင် ပညာရှိ အပေါင်းတို့သည် အနက်ကို ငါ့အား မဘော်မပြနိုင်သော် လည်း၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ် နှင့်ပြည့်စုံ၍ ဘော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအား ပြန်ပြော၏။

  11. ပညာရှိ ဆရာတော်အပေါင်းတို့သည် လာ ရောက်ကြသော်လည်း၊ ထိုစာကို မတတ်နိုင်ကြ။ အနက် အဓိပ္ပါယ်ကို ရှင်ဘုရင်အား မဟောမပြောနိုင်သော ကြောင့်၊

  12. ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂု ပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။

  13. ယခု ဘွားမြင်သောယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါ တို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။

  14. ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့်၊

  15. ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ ခရစ်တော်ကို အဘယ် အရပ်မှာ ဘွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။

  16. ထိုဆရာတို့ကလည်း၊ ပရောဖက်တဦး ရေးထားသောအချက်ဟူမူကား၊

  17. အိုယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင်သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်း မူကား၊ ငါ၏လူစုဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက် ထားကြ၏။

  18. ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကိုမထင်မရှားခေါ်၍ ကြယ်ပေါ်ထွန်းသောအချိန် ကာလကို စေ့စေ့မေးမြန်းပြီးမှ၊

  19. သင်တို့သွား၍ ထိုသူငယ်ကိုကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လျင်မြို့သို့ စေလွှတ်လေ၏။

  20. ထိုသူတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍ အရှေ့ပြည်၌မြင်ရသောကြယ်သည် သူတို့ ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ရောက်၍ တည်လျက်နေ၏။

  21. ထိုကြယ်ကိုမြင်ပြန်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊

  22. အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လောဗန်နှင့်မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။

  23. နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်းကိုအိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ ပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။