Water အကြောင်း ကျမ်းစာအခန်းငယ်များ: The want of, considered a great calamity
The want of, considered a great calamity အကြောင်း အခန်းငယ်များ
ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သိန်တောထဲက ထွက်၍ ခရီးသွားသဖြင့်၊ ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်၌ လူများသောက်ဘို့ရာ ရေမရှိ။
ထိုကြောင့် လူများတို့က၊ သောက်ဘို့ရေပေးပါဟု ဆို၍ မောရှေကို ရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့် ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟု ဆိုလေ၏။
လူများတို့သည် ရေငတ်၍ မောရှေကို အပြစ်တင် မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလိုငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ၏။
ပရိသတ်တို့သောက်စရာ ရေမရှိသောကြောင့်၊ မောရှေနှင့်အာရုန်တဘက်၌ စုဝေးကြလျက်၊
ထိုသို့ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံ ရှင်ဘုရင်တို့သည် ဝိုင်း၍ခုနှစ်ရက် ခရီးသွားကြ၏။ ဗိုလ်ခြေများ သောက်စရာ၊ ပါသော တိရစ္ဆာန် များသောက်စရာ ရေမရှိ။
ဣသရေလရှင်ဘုရင်က၊ ခက်လှပြီ။ ထာဝရ ဘုရားသည် ဤရှင် ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆို၏။
အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေသခင်၊ အရှင်ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ၏။