အကြောင်းအရာသို့ ကျော်သွားရန်

Water အကြောင်း ကျမ်းစာအခန်းငယ်များ: Vision of, by Ezekiel

5 အခန်းငယ် · 84 ရှုထောင့်

Vision of, by Ezekiel အကြောင်း အခန်းငယ်များ

  1. ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက်၊ ယဇ်ပလ္လင် တော် တောင်ဘက်မှ စီးသွားလေ၏။

  2. တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာဘက်မှစီးသော ရေကို ငါမြင်၏။

  3. ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တတောင်စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည် ဖမျက်သို့ မှီလေ၏။

  4. တဖန်အတောင်တထောင်စေ့အောင်တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမှီလေ၏။ တဖန် အတောင်တထောင်စေ့အောင်တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကိုမှီလေ၏။

  5. တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ၏။ ရေထ သောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီပဲ ကူးရသောမြစ်ဖြစ်၏။