Water အကြောင်း ကျမ်းစာအခန်းငယ်များ: Carried in vessels
Carried in vessels အကြောင်း အခန်းငယ်များ
အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကို အပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်း သွား၍ ဗေရရှေဘ တော၌ လှည့်လည်လျက် နေ၏။
ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်းတော်နားမှာရှိသော လှံတော်နှင့် ရေဘူးကို ယူ၍ သွားကြကုန်အံ့ဟု ဆိုလျက်၊
ကိုယ်တော်သည် တပည့်တော်နှစ်ယောက်တို့ကိုစေလွှတ်၍၊ သင်တို့သည် မြို့ထဲသို့သွားကြ။ ရေအိုး ဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်၍၊