Skip to content

Valleys အကြောင်း ကျမ်းစာအခန်းငယ်များ

83 အခန်းငယ် · 58 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသော သင်္ချိုင်းကိုဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရ ကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂ နှင့်သူ၏လူ အလုံးအရင်းရှိသမျှကိုမြေ၌ မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂ ချိုင့်အမည်ဖြင့် တွင်လိမ့်မည်။

  2. ဣသရေလလေးကို ယေဇရေလချိုင့်၌ ငါချိုး သော နေ့ခြင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော် မူ၏။

  3. သူတို့အမိသည် ပြည်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူ သောသူသည် ရှက်ဘွယ်သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွှေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစား များ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။

  4. ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည် ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေ သော ငါ၏အမွေလူ ဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။

  5. ကွပ်မျက်ရာချိုင့်၌ လူများ စည်းဝေးလျက်၊ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရ ဘုရား၏ နေ့ရက်သည် ရောက်လုနီးပြီ။

  6. ထိုကာလ၌ ချိုသော စပျစ်ရည်သည် တောင်တို့ မှ ယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။

  7. မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည် တမ်းသကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည်။

  8. ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။