Valleys အကြောင်း ကျမ်းစာအခန်းငယ်များ: Hinnom or Tophet
Hinnom or Tophet အကြောင်း အခန်းငယ်များ
ဟိန္နုံသား၏ချိုင့်ရှေ့မှာ၊ ရေဖိမ်ချိုင့်မြောက်ဘက် ၌ရှိသော တောင်ခြေရင်းသို့လာ၍ ယေဗုသိမြို့တောင် ဘက် ဟိန္နုံချိုင့်သို့၎င်း၊ အင်္ရောဂေလရွာသို့၎င်း၊
အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရား အား မီးဖြင့် မပူဇော်နိုင်မည်အကြောင်း၊ ဟိန္နုံသား၏ ချိုင့်၌ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညှုးစေတော် မူ၏။
ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။
သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက်ချိုင့်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့် ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ ခေါ်ရသော အချိန် ကာလရောက်လိမ့်မည်။ တောဖက်၌ မြေလွတ်မရှိသည် တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။