Skip to content

Token အကြောင်း ကျမ်းစာအခန်းငယ်များ

51 အခန်းငယ် · 18 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဤအရာသည်လည်း၊ သင်၏လက္ခဏာ သက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူပြီဟု လူများတို့အား ပြောဆိုလေ၏။

  2. ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရ ကြမည်။

  3. ထိုသို့ စောင့်လျှင်၊ ငါနှင့် ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို၊ ခြောက်ရက်တွင် ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။

  4. သူတို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ်စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွားတို့ကို လုပ်၍၊ ပြာသော ကြိုးနှင့် ချည်တွဲရကြမည်။

  5. ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သော အခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက် မေ့၍ ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဉာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက် မမှီဝဲ၊

  6. ငါပညတ်သမျှတို့ကို အောက်မေ့၍ ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ ပြုရမည်။

  7. ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသော သူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရား ရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့် ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

  8. ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်း ကို ခံရသော သူတို့ ပူဇော်သော လင်ပန်းများကို ယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။

  9. ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတပါးသော အမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။

  10. ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့ တဘက်၌ သက်သေဖြစ်စေခြင်းငှါ၊ အာရုန်၏ လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ သူတို့ အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊

  11. ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခု လျှော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ ကို သင့်အိမ်၌ ခေါ်ထားရမည်။

  12. မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါ စေတော့ဟု ဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ ၏။ မိန်းမသည်လည်း ထိုကြေးနီကို ပြတင်းပေါက်၌ ချည်ထားလေ၏။

  13. လူများတို့တွင် တမျိုးတယောက်စီ၊ လူတဆယ် နှစ်ယောက်ကို ရွေးကောက်၍၊

  14. သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရော ဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက်တဆယ် နှစ်လုံးကို ယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ညဉ့်စားခန်းချ ရာအရပ်၌ ထားရမည်အကြောင်း ဆင့်ဆိုလော့ဟု ယောရှု အား မိန့်တော်မူသည်အတိုင်း၊

  15. ယောရှုသည် ခန့်ထားနှင့်သော ဣသရေလ အမျိုးတမျိုးတယောက်စီ၊ လူတဆယ်နှစ်ယောက်ကို ခေါ်၍၊

  16. သင်တို့ဘုရားသခင် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား၍၊ ဣသရေလ အမျိုးအရေအတွက်အတိုင်း၊ လူတယောက် ကျောက် တလုံးစီယူ၍ ထမ်းသွားကြလော့။

  17. သို့ပြုလျှင် သက်သေကို ရကြလိမ့်မည်။ နောင် ကာလ၌ သင်တို့၏ သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊

  18. သင်တို့က၊ ထာဝရဘုရား၏ သေတ္တာတော်သည် ယော်ဒန်မြစ်ကို ကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသား အောက်မေ့စရာဘို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း၊

  19. ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ ထာဝရဘုရားသည် ယောရှုအား မိန့်တော်မူသည်နှင့် အညီ၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ ယော်ဒန် မြစ်ထဲက ကျောက်တဆယ်နှစ်လုံးကို ယူပြီးမှ၊ စားခန်းချ ရာအရပ်သို့ ထမ်းသွား၍ ထားကြ၏။

  20. တဖန်တုံ၊ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့နင်းရာအရပ် ယော်ဒန်မြစ်အလယ်၌ ကျောက်တဆယ်နှစ်လုံးကို ယောရှုသည် စိုက်ထား၍ ယနေ့တိုင်အောင် ရှိကြ၏။

  21. ဂိဒေါင်သည်လည်း ဘုရားသခင်အား၊ ကိုယ်တော်သည် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်မှန်လျှင်၊

  22. အကျွန်ုပ်သည် သိုးတကောင်၏အမွေးကို တလင်း၌ ထားပါမည်။ သိုးမွေးသည် နှင်းစို၍၊ မြေတပြင်လုံး သွေ့ခြောက်လျှင်၊ မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော် မူမည်ကို အကျွန်ုပ်သိပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ်လေ၏။

  23. နံနက်စောစောထ၍ သိုးမွေးကို ညှစ်သဖြင့် နှင်းရည်သည် အင်တုံအပြည့် ရှိလေ၏။

  24. တဖန် ဂိဒေါင်က၊ အမျက်ထွက်တော်မမူပါနှင့်။ တကြိမ်သာ လျှောက်ပါဦးမည်။ သိုးတကောင်၏ အမွေးနှင့် ယခုတကြိမ်သာ စုံစမ်းရသော အခွင့်ကို ပေးတော်မူပါ။ မြေတပြင်လုံးသည် နှင်းစို၍ သိုးမွေးသွေ့ခြောက်ပါစေဟု ဘုရားသခင်အား တောင်းလျှောက်သည်အတိုင်း၊

  25. ထိုညဉ့်၌လည်းဘုရားသခင်ပြုတော်မူသဖြင့်၊ မြေတပြင်လုံးသည် နှင်းစို၍ သိုးမွေးသွေ့ခြောက်လျက် ရှိ၏။