အကြောင်းအရာသို့ ကျော်သွားရန်

Titles and Names of Saints အကြောင်း ကျမ်းစာအခန်းငယ်များ: Sheep of Christ

17 အခန်းငယ် · 81 ရှုထောင့်

Sheep of Christ အကြောင်း အခန်းငယ်များ

  1. ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့တံခါးစဖြင့်မဝင် အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုး ထားပြဖြစ်၏။

  2. သိုးထိန်းမူကား၊ တံခါးဝဖြင့်ဝင်တတ်၏။

  3. ထိုးသူအားတံခါးစောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကိုသိုးတို့သည် နားထောင်တတ်ကြ၏။ သူ သည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။

  4. သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။

  5. မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ် ကြသည်ဟု မိန့်တော်မူ၏။

  6. ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက် အဓိပ္ပါယ်ကိုနားမလည်ကြ။

  7. ထိုကြောင့် တဖန်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သောတံခါးဝဖြစ်၏။

  8. ငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။

  9. ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက်ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။

  10. သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် သက်လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။

  11. ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ်၏။

  12. သိုးများကိုပိုင်သောသိုးထိန်းမဟုတ်၊ သူငှါးဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း၊ သိုးတို့ကို လုယက်၍ကွဲလွင့်စေ၏။

  13. သူငှါးသည် သူငှါးဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။

  14. ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်း တော်ကို သိုးသကဲ့သို့ ငါ၏သိုးကိုလည်း ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။

  15. ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါ စွန့်၏။

  16. ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့ သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။

  17. တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုး တို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။