Threshing အကြောင်း ကျမ်းစာအခန်းငယ်များ: Of the church in her conquests
Of the church in her conquests အကြောင်း အခန်းငယ်များ
ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက် အသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီး တို့ကို နယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။
သူတို့ကို လှေ့၍၊ လေသည် သူတို့ကို တိုက်သွား လိမ့်မည်။ မုန်တိုင်းလွှင့်လိမ့်မည်။ သင်မူကား ထာဝရ ဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၌ ဝါကြွားလိမ့်မည်။
အို ဇိအုန်သတို့သမီး၊ ထ၍ နယ်လော့။ သင့် ဦးချိုကို သံဖြင့်၎င်း၊ သင့်ခွာတို့ကို ကြေးဝါဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည်။ သူတို့တွင်ရသမျှသော စည်းစိမ်ဥစ္စာကိုယူ၍၊ မြေတပြင် လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည်။