Threshing အကြောင်း ကျမ်းစာအခန်းငယ်များ: Of the judgments of God
Of the judgments of God အကြောင်း အခန်းငယ်များ
ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၊ ဣသရေလ အမျိုး၏ ဘုရား သခင်မိန့်တော်မူသည်ကို ငါကြားရသည် အတိုင်း၊ သင်တို့အား ငါဆင့်ဆိုသတည်း။
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်သတို့သမီးသည် စပါးနယ်ရသော ကောက်နယ် တလင်းကဲ့သို့ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။
အမျက်တော်ထွက်လျက် တပြည်လုံး ချီသွား၍၊ ဒေါသစိတ်နှင့် လူအမျိုးမျိုးတို့ကို နင်းနယ်တော်မူ၏။