Skip to content

Gad

13 အခန်းငယ်

Gad ကို ဖော်ပြသော အခန်းငယ်များ

  1. တဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သော ဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့ သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌ နေ၏။

  2. ဒါဝိဒ်သည် နံနက်အချိန်၌ ထသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒါဝိဒ်၏ ပရောဖက်ဂဒ်သို့ ရောက်လာ၍၊

  3. ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍၊ ပြည်တော်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော။ သို့မဟုတ် ရန်သူတို့သည် သုံးလပတ်လုံးလိုက်၍ ကိုယ်တော်ပြေးတော်မူရမည်လော။ သို့မဟုတ် ပြည်တော်၌ သုံးရက်ပတ်လုံးကာလနာ ရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟု လျှောက်လေ၏။

  4. ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏ လက်တော်သို့ ရောက်ပါစေ။ ကရုဏတော်ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။

  5. ထိုနေ့ခြင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို့လာ၍၊ ကိုယ်တော်ကြွပါ။ ယေဗုသိလူအရောန၏ ကောက်နယ် တလင်း၌ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ရမည် ဟု၊

  6. ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ်သည် သွားလေ၏။

  7. ထာဝရဘုရားသည် ဒါဝိဒ်၏ ပရောဖက်ဂဒ်ကို ခေါ်၍၊

  8. ဂဒ်သည်ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊

  9. ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏လက်တော်သို့ ရောက်ပါစေ။ ကရုဏတော်ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟုဂဒ်အားပြန်ပြော၏။

  10. ထိုအခါဒါဝိဒ်သည် သွား၍၊ ယေဗုသိလူ အရော န၏ကောက်နယ်တလင်း၌ထာဝရဘုရား အဘို့ယဇ်ပလ္လင် ကို တည်စေခြင်းငှါ ပြောရမည်အကြောင်း၊ ထာဝရဘုရား ၏ကောင်းကင်တမန်သည် ဂဒ်ကိုမှာထားသဖြင့်၊

  11. ဂဒ်ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော် အတိုင်း ဒါဝိဒ်သည် သွားလေ၏။

  12. ဒါဝိဒ်မင်းကြီးပြုမူသော အမှုအရာအစအဆုံး ရှိသမျှ၊ အစိုးရခြင်း၊ တန်ခိုးကြီးခြင်းနှင့်တကွ၊

  13. ဒါဝိဒ်မင်းကြီးနှင့်သူ၏ပရောဖက်ဂဒ်၊ ပရော ဖက်နာသန်တို့ စီရင်သည်အတိုင်းခွက်ကွင်း၊ စောင်း၊ တယောနှင့်တီးမှုတ်သော လေဝိသားတို့ကို၊ ဗိမာန်တော်၌ ခန့်ထားတော်မူ၏။ ထိုသို့ထာဝရဘုရားသည် ပရောဖက် တို့အားဖြင့် စီရင်တော်မူသတည်း။