Threshing အကြောင်း ကျမ်းစာအခန်းငယ်များ: By treading
By treading အကြောင်း အခန်းငယ်များ
စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။
အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော် သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘ ပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည်။
ဧဖရိမ်သည် ယဉ်၍ စပါးကို နင်းချင်သော နွားမပျိုဖြစ်သော်လည်း၊ ငါသည် ထမ်းဘိုးကို ထမ်းစေ သဖြင့်၊ ဧဖရိမ်သည် ကခြင်းကို ခံ၍၊ ယုဒသည် ထွန်လျက်၊ ယာကုပ်သည်လည်း မြေစိုင်ကို ခွဲလျက်ရှိရလိမ့်မည်။
မောရှေ၏ ပညတ္တိကျမ်းစာ၌လာသည်ကား၊ စပါးနင်းနယ်သော နွား၏ နှုတ်ကိုမချုပ်တည်းရဟု လာ၏။ ဘုရားသခင်သည် နွားကိုသာ ပမာဏပြုတော်မူ သလော။
အကြောင်းမူကား၊ စပါးနင်းနယ်သောနွား၏ နှုတ်ကိုမချုပ်တည်းရဟုကျမ်းစာလာ၏။ တချက်ကား၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန်၏။