အကြောင်းအရာသို့ ကျော်သွားရန်

The Resurrection of Christ အကြောင်း ကျမ်းစာအခန်းငယ်များ

120 အခန်းငယ် · 46 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ အာဗြဟံသည် မြော်ကြည့်၍ မိမိ နောက်မှ ချုံဖုတ်၌ ချိုညိလျက် ရှိသောသိုးကိုမြင်လေ၏။ ထိုသိုးကိုသွား၍ ယူပြီးလျှင် မိမိသားကိုယ်စား မီးရှို့ယဇ် ပြု၍ ပူဇော်လေ၏။

  2. ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ။

  3. အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲလျက်၊

  4. ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါ လိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက် ကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့၊ နိုး၍သီချင်းဆို ကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ကို ပေါက်စေသော နှင်းကဲ့သို့ ဖြစ်၍၊ မြေသည် လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည်။

  5. ထိုအခါ ငါးကြီးသည် ထာဝရဘုရား၏ အမိန့် တော်ကို ခံ၍ ယောနကို ကုန်းပေါ်သို့ အန်လေ၏။

  6. ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာသုံးရက်နေရလတံ့။

  7. လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှါ တ ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။

  8. ထိုလှည့်ဖြားသောသူက၊ ငါသည် သုံးရက်မြောက်သောနေ့၌ ထမြောက်မည်ဟု မသေမှီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ။

  9. ထိုကြောင့် သူ၏တပည့်တို့သည် ညအခါလာ၍ အလောင်းကိုခိုးယူပြီးလျှင်၊ သူသည် သေခြင်းမှ ထ မြောက်တော်မူပြီဟု လူအပေါင်းတို့အား ပြောဆိုကြသော်၊ ရှေ့အမှားထက် နောက်အမှားသာ၍ ကြီးမည်ဟု စိုး ရိမ်စရာ အကြောင်းရှိသည်ဖြစ်၍၊ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှါ အမိန့် ရှိတော်မူပါဟု လျှောက်ကြလျှင်၊

  10. ပိလတ်မင်းက၊ သင်တို့၌ လူစောင့်တတပ်ရှိ၏။ သွားကြ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့်စေကြ ဟု ဆိုလေ၏။

  11. ထိုသူတို့သည် သွား၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာ ပြုကြ၏။

  12. ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင် တို့ရှာကြသည်ကို ငါသိ၏။

  13. ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာ အ ရပ်ကို ကြည့်ကြလော့။

  14. အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့။ သင်တို့ ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည်ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်။ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။

  15. လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော် မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ခြေတော်ကိုဘက်ယမ်းလျက် ပြပ်ဝပ်ကိုးကွယ်ကြ၏။

  16. ထိုမိန်းမတို့သည် သွားကြစဉ်အခါ လူစောင့်အချို့တို့သည် မြို့ထဲသို့ဝင်၍ ဖြစ်လေသမျှသောအခြင်း အရာတို့ကို ယဇ်ပုရောဟိတ်အကြီးတို့အား ပြန်ကြားကြ၏။

  17. ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး၍ တိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေအများ ကို ပေး၍၊

  18. ညဉ့်အခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏ တပည့်တို့သည်လာ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့။

  19. ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင်၊ ငါတို့သည် သူ့ကိုဖျောင်းဖျ၍သင်တို့၌ အမှုမရှိစေခြင်းငှါ ပြုမည်ဟု၊

  20. သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည် ငွေကိုယူ၍ပြုကြ၏။ ထိုစကားကို ယခုတိုင်အောင် ယုဒလူတို့ သည် အနှံ့အပြားပြောဆိုကြ၏။

  21. တကျိပ်တပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား၍ ယေရှုမှာထားတော်မူသော တောင် ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကိုတွေ့မြင်၍ ပြပ်ဝပ်ကိုးကွယ်ကြ၏။

  22. အချို့တို့သည် ယုံမှားခြင်းရှိကြ၏။

  23. တောင်ပေါ်မှာ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မှီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။

  24. တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်း ဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။

  25. သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊