အကြောင်းအရာသို့ ကျော်သွားရန်

The Macedonian Empire အကြောင်း ကျမ်းစာအခန်းငယ်များ

39 အခန်းငယ် · 13 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူအရာ၌လည်း မင်းစည်းစိမ်းကို ခံထိုက် သော သူမဟုတ်၊ ယုတ်မာသော သူပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု ချော့မော့ခြင်းအားဖြင့် နိုင်ငံ ကို ရလိမ့်မည်။

  2. လွှမ်းမိုးသော လက်နက်တို့သည် သူရှေ့မှာ မြုပ်၍ ဆုံးရှုံးလိမ့်မည်။ မိဿဟာယခံသော မင်းလည်း ဆုံးရှုံး လိမ့်မည်။

  3. အကြောင်းမူကား၊ မိဿဟာယ ပြုသောမင်းသည် သစ္စာပျက်သဖြင့်၊ တက်လာ၍ လူအနည်းငယ်မျှ ပါသော် လည်း တန်ခိုးကြီးလိမ့်မည်။

  4. အသီးအနှံများသောပြည်ကို အနိုင်အထက် မပြုဘဲ ဝင်လိမ့်မည်။ လုယူသော ပစ္စည်းဥစ္စာစည်းစိမ် များကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဘူးသော အမှုကိုပြုလိမ့် မည်။ ခိုင်ခံ့သော မြို့ပြတို့ကို ရခြင်းငှါ တာရှည်စွာ ကြံစည်လိမ့်မည်။

  5. ကြီးစွာသော အလုံးအရင်းနှင့်တကွ တောင်ရှင် ဘုရင်ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိအစွမ်းသတ္တိကို နှိုးဆော် လိမ့်မည်။ တောင်ရှင်ဘုရင်သည်လည်း၊ အားကြီး၍ များစွာသော အလုံးအရင်းနှင့်တကွ စစ်တိုက်ခြင်းငှါ နှိုးဆော်သော်လည်း မခံရပ်နိုင်။ အကြောင်းမူကား၊ သူတဘက်၌ မကောင်းသောအကြံကို ကြံစည်ကြလိမ့် မည်။

  6. ထိုသူကျွေးမွေးခြင်းကို ခံရသော သူတို့သည် လည်း၊ ထိုသူ၏ အကျိုးကိုဖျက်ဆီးသောအားဖြင့်၊ သူ၏ တပ်မြှုပ်၍၊ စစ်သူရဲများတို့သည် အသက်ဆုံးကြလိမ့်မည်။

  7. ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ၍၊ တခုသောစားပွဲ၌ မုသာစကားကို ပြောကြလိမ့်မည်။ သို့သော်လည်း၊ အကြံမမြောက်ရ။ ချိန်းချက်သော အချိန် ကာလ၌ အဆုံးဖြစ်ရလိမ့်မည်။

  8. တဖန်မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်ဥစ္စာပါလျက် မိမိပြည်သို့ ပြန်၍သွားစဉ်တွင်၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည်။

  9. ချိန်းချက်သော အချိန်၌လည်း တောင်မျက်နှာသို့ တဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့ မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်းမဟုတ်။

  10. ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ ရှိသော အသင်းတော်များတို့အားပြုတော်မူသော ကျေးဇူတော်အကြောင်းကို ငါတို့သည်သင်တို့အား ကြားပြောကြ၏။

  11. ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီး သော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည်၊ သူတို့၏စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ကြွယ်ဝပြည့်စုံ၏။

  12. အကြောင်းမူကား၊ သူတို့သည်တတ်နိုင်သမျှ ထက်မက၊ အလိုအလျှောက်စွန့်ကြဲချင်သော စေတနာ စိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။

  13. သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှငိးသူတို့အားလုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်း သွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန် ကြ၏။

  14. ထိုသို့ပြုကြသော်၊ ငါတို့မြော်လင့်သည်အတိုင်းထက်မကပြု၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ရှေးဦးစွာသခင်ဘုရား၌၎င်း၊ ငါတို့၌၎င်း၊ မိမိတို့ကိုမိမိတို့ လှူကြ၏။