The Ammonites အကြောင်း ကျမ်းစာအခန်းငယ်များ: Destructions for hatred to Israel
Destructions for hatred to Israel အကြောင်း အခန်းငယ်များ
အချင်းလူသား၊ သင်သည် အမ္မန်အမျိုးသားတို့ တဘက်၌မျက်နှာထား၍ ပရောဖက်ပြုလျက်၊
ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏ သန့်ရှင်း ရာဌာနကို၎င်း၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသ ရေလပြည်ကို၎င်း၊ အေ့ဟေဟု သင်ဆိုမိသောကြောင့်၊
သင့်ကိုအရှေ့ပြည်သားတို့အား ငါအပိုင် ပေးမည်။ သူတို့သည် သင်၏အထဲ၌ဘုံဗိမာန်တို့ကို တည်ဆောက်၍ နေရာကျကြလိမ့်မည်။ သင်၏အသီး အနှံကိုစား၍ သင်၏နို့ကို သောက်ကြလိမ့်မည်။
ရဗ္ဗာမြို့ကို ကုလားအုပ်တင်းကုပ်၊ အမ္မုန်ပြည်ကို သိုးကျက်စားရာ ငါဖြစ်စေမည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
သင်သည် ဣသရေလပြည်ကို မနာလိုသော စိတ်အားကြီးလျက် လက်ခုပ်တီးခြင်း၊ ခြေနှင့်ဆောင့်ခြင်း ကို ဝမ်းမြောက်စွာ ပြုသောကြောင့်၊
ငါသည် သင့်ကိုတိုက်၍၊ လူအမျိုးမျိုးလုယူဘို့ရာ အပ်မည်။ လူနေရာအတိုင်းတိုင်း အပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
တဖန်မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုး သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟု ဆိုသောကြောင့်၊
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘနံပါး၊ ပြည်စွန်းနားမှာ နိုင်ငံ၏ဘုန်းဖြစ်သော ဗက်ယေရှိမုတ်မြို့၊ ဗာလမောင်မြို့၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည်။
ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ ပြည်သားတို့အား အပိုင်ပေးမည်။ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင်မမှတ်ရ။