Skip to content

Sin (1) အကြောင်း ကျမ်းစာအခန်းငယ်များ

240 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အိုထာဝရဘုရား၊ အကျွန်ုပ်တို့၏ အပြစ်သည် အကျွန်ုပ်တို့တဘက်၌ သက်သေခံသော်လည်း၊ နာမတော် ကို ထောက်၍စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ။ ကိုယ်တော်ကို ပြစ်မှား ပါပြီ။

  2. သူတို့၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှ စ၍၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး၊ ထားဘေးကြောင့်၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကို ခံရ၍၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ။ သူတို့၏အပြစ်ကို သူတို့ အပေါ်သို့ ငါညွန်းလောင်းမည်။

  3. အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ် ဒုစရိုက်များနှင့် ဘိုးဘေးတို့၏ အပြစ်များကို ဝန်ချပါ၏။ ကိုယ်တော်ကို ပြစ်မှားပါပြီ။

  4. သင်တို့ အကျင့်နှင့် ထိုက်လျောက်အောင် အပြစ် ဒဏ်ကို ငါပေးမည်။ သင်တို့တောကို ငါရှို့သော မီးသည်၊ ပင်လည်၌ရှိသမျှသောအရာတို့ကို လောင်လိမ့်မည်ဟု မိန့်တော်မူ၏။

  5. ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူ၏။

  6. ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန် နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက် ဆက်ကြားရပြီ။

  7. ထာဝရဘုရားသည် တရားသဖြင့် စီရင်တော် မူ၏။ ငါသည် ပညတ်တော်ကို လွန်ကျူးမိပြီ။ လူမျိုး ခပ်သိမ်းတို့၊ နားထောင်၍ ငါ၏ဒုက္ခကို ဆင်ခြင်ကြ ပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပြီ။

  8. အိုထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ် ပင်ပန်းပါ၏။ ဝမ်း၌ဆူလှိုင်ခြင်းရှိပါ၏။ နှလုံးမှောက် လျက် ရှိပါ၏။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ။ ပြင်မှာ ထားဘေးနှင့်တွေ့ရပါပြီ။ အတွင်း၌လည်း သေမင်းနေသကဲ့သို့ရှိပါ၏။

  9. ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြော စုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။

  10. ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့။

  11. အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ။

  12. သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့၏ အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သော သူတို့၏ အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ ငါရောက်စေ မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

  13. ထိုကြောင့်၊ ငါအမျက်ကို ငါသွန်းလောင်းလျက်၊ ငါ့ဒေါသမီးဖြင့် သူတို့ကိုရှို့၍၊ သူတို့အပြစ်ကို သူတို့ ခေါင်းပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  14. သင်သည် အစ်မလိုက်သော လမ်းကိုလိုက်သော ကြောင့်၊ သူသောက်သော ခွက်ကို သင့်လက်၌ ငါထား မည်။

  15. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့် အစ်မ သောက်သောခွက်၊ ကျယ်၍စောက်သောခွက်ကို သင်သောက်ရမည်။ ထိုခွက်၌ များစွာဝင်သည်ဖြစ်၍၊ သင်သည်ကဲ့ရဲ့ခြင်းနှင့် ပျက်ချော်ခြင်းကို ခံရမည်။

  16. သင့်အစ်မရှမာရိ သောက်သောခွက်၊ မှိုင်တွေ စေသော ခွက်ကို သောက်၍၊ ယစ်မူးခြင်း၊ ညှိုးငယ်ခြင်းနှင့် ဝရလိမ့်မည်။

  17. ထိုခွက်ကို သောက်၍စုတ်ပြီးမှ ခွက်ခြမ်းကို ကိုက်ခဲ၍၊ ကိုယ်သားမြတ်တို့ကို ဆွဲဖြတ်ရလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

  18. သို့ဖြစ်၍၊ သင်သည် ငါ့ကို မေ့လျော့၍၊ သင့် ကျောနောက်သို့ ငါ့ကိုပစ်လိုက်သောကြောင့်၊ သင်သည် အဓမ္မအမှုနှင့်မတရားသော မေထုန်အမှု၏ အပြစ်ကို ခံလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  19. အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိ ပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။

  20. အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား အသက်ကြီး သူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏ ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နား မထောင်ပဲနေကြပါပြီ။

  21. အိုဘုရားရှင်၊ ကိုယ်တော်ကို ပြစ်မှားသော ကြောင့်၊ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီး သူမှစ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြ ပါ၏။

  22. အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော် လည်း၊ အကျွန်ုပ်တို့အရှင်ဘုရားသခင်သည် ကရုဏာကို ပြခြင်း၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။

  23. အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်း၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့၌ ထားတော် မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှါ၊ ဗျာဒိတ် တော်အသံကို အကျွန်ုပ်တို့သည်နားမထောင်ဘဲ နေကြ ပါပြီ။

  24. အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့်၊ ကျိန်ဆိုတော် မူခြင်းတည်းဟူသော ဘုရားသခင်၏ ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသော အကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ၏။

  25. တန်ခိုးကြီးသောလက်တော်ဖြင့် ကိုယ်တော်၏ လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ ယနေ့၌ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသော အကျွန်ုပ်တို့၏ အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ မတရားသဖြင့်ပြုမိပါပြီ။