အကြောင်းအရာသို့ ကျော်သွားရန်

Sanitation အကြောင်း ကျမ်းစာအခန်းငယ်များ

289 အခန်းငယ် · 10 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အနာစွဲသောအရာကို ဆေးလျော်စေမည်အကြောင်း၊ ယဇ်ပုရောဟိတ် စီရင်၍ တဖန် ခုနစ်ရက်ပတ် လုံး လုံခြုံစွာ ထားရမည်။

  2. ဆေးလျှော် ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍၊ အနာမတိုးပွါးသော်လည်း၊ အဆင်းမခြားနားလျှင်၊ မစင်ကြယ်။ မီးရှို့ရမည်။ အတွင်း၌ဖြစ်စေ၊ ပြင်၌ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။

  3. ဆေးလျှော်ပြီးမှ၊ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင်၊ အဝတ်၊ သားရေ၊ ရက်ကန်းပင်၊ ရက်ကန်းသားထဲက အနာကွက်ကို ဆုတ်ဖဲ့ရမည်။

  4. နောက်တဖန် ထိုရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာပေါ်ပြန်လျှင်၊ တိုးပွားတတ်သောအနာ ဖြစ်၏။ ထိုသို့အနာစွဲသောဥစ္စာကို မီးရှို့ရမည်။

  5. ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်ဟူသမျှကို ဆေးလျှော်၍ အနာပျောက် လျှင်၊ ဒုတိယအကြိမ် ဆေးလျှော်၍ စင်ကြယ်ရ၏။

  6. ဤရွေ့ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကို စီရင်စေခြင်းငှါ နူနာစွဲသော ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ ရက်ကန်းပင်၊ ရက်ကန်းသား၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။

  7. နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့၌ ကျင့်ရသော တရားဟူမူကား၊-

  8. ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ပြီးမှ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက်၍ ကြည့်ရှုသော အခါ၊ နူနာပျောက်သည်မှန်လျှင်၊-

  9. စင်ကြယ်စေရသော သူသည် မိမိအဝတ်ကို လျှော်၍၊ မိမိဆံပင်ကို အကုန်အစင် ရိတ်ပြီးမှ၊ စင်ကြယ် စေခြင်းငှါ ရေချိုးရမည်။ ထိုနောက်၊ တပ်ထဲသို့ ဝင်၍၊ မိမိတဲပြင်၌ ခုနစ်ရက်နေရမည်။

  10. သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေးရှိသမျှကို ရိတ်၍၊ မိမိအဝတ်ကို လျှော်ပြီးမှ၊ ရေချိုး၍ စင်ကြယ်ရ၏။

  11. သင်တို့ ပိုင်ထိုက်ရာ၊ ငါပေးသော ခါနာန်ပြည်သို့ သင်တို့ရောက်သောအခါ၊ သင်တို့နေရာ ထိုပြည်တွင် အိမ်ထစုံတခု၌ နူနာကို ငါစွဲစေလျှင်၎င်း၊-

  12. အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား၍၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏ဟု ပြောဆိုလျှင်၎င်း၊-

  13. ထိုအိမ်၌ရှိသမျှတို့သည်၊ မစင်ကြယ်ရာသို့ ရောက်မည်ကို စိုးရိမ်၍၊ ယဇ်ပုရောဟိတ်သည် နူနာက အကြည့်အရှုမဝင်မှီ၊ ရှိသမျှကို ထုတ်စေခြင်းငှါ စီရင်ရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို အကြည့်အရှုဝင်၍၊-

  14. အနာကို ကြည့်ရှုသောအခါ၊ ကျောက်ထရံချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍၊ ကျောက်ထရံထဲ၌ အနာစွဲဟန်ရှိလျှင်၊ -

  15. အိမ်တံခါးပြင်သို့ ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံး ပိတ်ထားရမည်။

  16. သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊

  17. အနာစွဲသော ကျောက်တို့ကို နှုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သော အရပ်၌ ပစ်ထားစေခြင်းငှါ ယဇ် ပုရောဟိတ်စီရင်၍၊

  18. ထိုအိမ်ကို အတွင်းပတ်လည်၌ ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ် သောအရပ်၌ သွန်ပစ်ရမည်။

  19. အရင်ကျောက်အစား၌ အခြားသော ကျောက်ကိုယူ၍ ထည့်ပြီးလျှင်၊ အသစ်သော အင်္ဂတေနှင့် မွမ်းမံရမည်။

  20. ထိုသို့ ကျောက်ကို နှုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကို ပြုပြီးမှ၊ တဖန် အနာစွဲ ပြန်လျှင်၊-

  21. ယဇ်ပုရောဟိတ်လည်း အကြည့်အရှုလာ၍ ထိုအိမ်၌ အနာတိုးပွါးသည် မှန်လျှင်၊ စားတတ်သော နူနာဖြစ်၏။

  22. ထိုအိမ်သည် မစင်ကြယ်သောကြောင့်၊- ကျောက်၊ သစ်သား၊ မင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သော အရပ်သို့ ယူသွားရမည်။

  23. ထိုမှတပါး၊ ထိုအိမ်ကို ပိတ်ထားသည် ကာလပတ်လုံး၊ အထဲသို့ ဝင်မိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။

  24. ထိုအိမ်၌ အိပ်သောသူ၊ စားသောက်သောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။

  25. ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကို အသစ်မွမ်းမံပြီးမှ အနာမတိုးပွါးလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည် စင်ကြယ်၏ဟု စီရင်ရမည်။