အကြောင်းအရာသို့ ကျော်သွားရန်

Rab-Shakeh အကြောင်း ကျမ်းစာအခန်းငယ်များ: An Assyrian officer. Sent by Sennacherib against Jerusalem; undertakes by a speech in the Jews' language to cause disloyalty to Hezekiah and a surrender of the city.

24 အခန်းငယ် · 1 ရှုထောင့်

An Assyrian officer. Sent by Sennacherib against Jerusalem; undertakes by a speech in the Jews' language to cause disloyalty to Hezekiah and a surrender of the city. အကြောင်း အခန်းငယ်များ

  1. နောက်တဖန် အာရှုရိရှင်ဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့စေလွှတ်သဖြင့်၊ သူတို့သည်ရောက်သောအခါ၊ ခဝါသည်၏ လယ်နားမှာရှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ရပ်နေကြ၏။

  2. ရှင်ဘုရင်ကို ခေါ်သောအခါ၊ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ ထွက်ပြီးလျှင်၊

  3. ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင်ဘုရင်သည် ဟေဇကိ ကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံသဖြင့်ခိုလှုံရာကား အဘယ်သို့နည်း။

  4. စစ်တိုက်လောက်အောင် ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသော စကားကို သင်ဆိုပါသည်တကား။ ငါ့ကိုပုန်ကန်ခြင်းငှါအဘယ်သူကိုကိုးစားသနည်း။

  5. ကျိုးသောကျူလုံးတောင်ဝေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသော သူအပေါင်းတို့ကိုပြုလိမ့်မည်။

  6. သင်တို့က၊ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကိုကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ ယေရုရှလင်မြို့မှာ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကိုမှာထားသဖြင့်၊ သင်တို့ပြစ်မှားသောဘုရားဖြစ်သည် မဟုတ်လော။

  7. သို့ဖြစ်၍ယခုတွင် ငါ့သခင် အာရှုရိရှင်ဘုရင်၌ အာမခံတို့ကိုအပ်ပါလော့။ သင်၌မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင်မြင်းနှစ်ထောင်တို့ကိုငါပေးမည်။

  8. သင်သည် ငါ့သခင်၏ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကိုအဘယ်သို့လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကို ရမည်ဟုယုံပါသည်တကား။

  9. ထာဝရဘုရား၏အခွင့်မရှိဘဲ ဤပြည်ကိုဖျက်ဆီးခြင်းငှါ ငါလာသလော။ ထိုပြည်ကို သွား၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအကြောင်းအရာများကိုပြန်ပြောကြလော့ဟု ပြောဆို၏။

  10. ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည်နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိ ပါနှင့်ဟု ရာဗရှာခ ကိုဆိုကြလျှင်၊

  11. ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့်သင့်အား သာဤစကားကိုပြောစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက် သင်တို့နှင့်အတူ မိမိတို့မစင်ကိုစား၍၊ မိမိတို့ရေဟောင်းကို သောက်ရသောသူတို့ရှိရာသို့စေလွှတ်တော်မူသည် မဟုတ်လောဟုဆိုပြီးလျှင်၊

  12. ရာဗရှာခသည်ထ၍ ယုဒဘာသာ စကားအားဖြင့်ကျယ်သောအသံနှင့်ကြွေးကြော်လျက်၊ မဟာအရှင်မင်းကြီးအာရှုရိရှင်ဘုရင်၏ အမိန့်တော်ကိုနားထောင်ကြလော့။

  13. ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကိုမလှည့်စားစေနှင့်။ သူသည်သင်တို့ကိုငါ့လက်မှ ကယ်ယူခြင်းငှါမတတ်နိုင်။

  14. ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကိုဧကန်အမှန်ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင် လက်သို့မရောက်ရဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။

  15. ဟေဇကိစကားကို နားမထောင်ကြနှင့်။

  16. အာရှုရိရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါနှင့်မိဿဟာယဖွဲ့ကြ။ ငါ့ထံသို့ထွက်လာကြ။ သင်တို့သည်မသေ အသက်ရှင်မည်အကြောင်း၊ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော၊ ဆန်စပါး စပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့်စပျစ်ဥယျဉ်၊ သံလွင်ဆီ၊ ပျားရည်များသောပြည်သို့ ပို့ခြင်းငှါ ငါမလာမှီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏အသီးကိုစား၍၊ ကိုယ်ရေကန်ကရေကို သောက်လျက် နေကြဦးလော့။

  17. ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကိုကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည်သော ဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်ကြပြီလော။

  18. ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။

  19. ထိုအပြည်ပြည်သောဘုရားတို့တွင် အဘယ်မည်သော ဘုရားသည် မိမိပြည်ကိုငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။

  20. ယုဒသူတို့လည်းစကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင်မိန့်တော်ရှိသတည်း။

  21. အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ အာရှုရိရှင်ဘုရင်စေလွှတ်သော မိမိကျွန်ရှဗ ရှာခစကားကို သင်၏ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရ ဘုရားသည် ကိုယ်တော်တိုင်ကြားသော စကားကို ချေတော်မူပါစေသော။ သင်သည်လည်းကျန်ကြွင်းသော လူတို့အဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ၊

  22. ထိုအခါ အာရှိုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင် ပြန်သွား၍ လိဗနမြို့ကိုရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ၏။

  23. အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခ စကားကို သင်၏ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘု ရားသည် ကိုယ်တော်တိုင်ကြားသောစကားကို ချေတော် မူပါစေသော။ သင်သည်လည်းကျန်ကြွင်းသော လူတို့အ ဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ၊

  24. ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက် သွားကြောင်းကို ရာဗရှာခကြားလျှင်၊ ပြန်သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ၏။