အကြောင်းအရာသို့ ကျော်သွားရန်

Psalms အကြောင်း ကျမ်းစာအခန်းငယ်များ

896 အခန်းငယ် · 16 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လမ်းနားမှာ စီးသောရေကိုသောက်၍၊ ခေါင်း တော်ကို ချီးမြှင့်တော်မူမည်။

  2. ငါသည် ဖြောင့်မတ်သော သူတို့၏ အစည်း အဝေး၌၎င်း၊ ပရိသတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။

  3. ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ် ကြ၏။ ကြည်ညိုသော သူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။

  4. စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲ တည်၏။

  5. အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ် သော သဘော၊ သနားစုံမက်တတ်သော သဘောနှင့် ပြည့်စုံတော်မူ၏။

  6. ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော် မူ၏။

  7. အမှုတော်တို့၌ရှိသော တန်ခိုးကို မိမိလူတို့အား ပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။

  8. လက်တော်နှင့်ပြုသော အမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်း ယှဉ်ကြ၏။ ပညတ်တော် အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။

  9. သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သော ကြောင့်၊ အစဉ်အမြဲတည်ကြ၏။

  10. မိမိလူတို့၌ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော် မူ၏။ နာမတော်သည် သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ်၏။

  11. ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသောဉာဏ် ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည် သတည်း။

  12. ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ ၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။

  13. ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီး ကြလိမ့်မည်။ ဖြောင့်မတ်သော သူတို့၏အမျိုးအနွယ် သည် မင်္ဂလာရှိတတ်၏။

  14. ထိုသူ၏ အိမ်၌ စည်းစိမ်ဥစ္စာကြွယ်ဝ၍၊ သူ၏ ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။

  15. သဘောဖြောင့်သော သူတို့အဘို့၊ မှောင်မိုက် ထဲမှာ အလင်း ပေါ်ထွန်းတတ်၏။ ထိုသို့သောသူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ် သော သဘောရှိ၍၊ တရားသဖြင့် ပြုတတ်၏။

  16. ကရုဏာစိတ်ရှိ၍ ချေးငှါးတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင် ခြင်းသို့ ရောက်လိမ့်မည်။

  17. အကယ်စင်စစ် လှုပ်ရှားခြင်းနှင့်အစဉ် ကင်း လွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲ အောက်မေ့ဘို့ရာ ဖြစ်လိမ့်မည်။

  18. မကောင်းသော သိတင်းကိုမကြောက်ရ၊ စိတ် နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည် တတ်၏။

  19. သူ၏စိတ်နှလုံးသည် မြဲမြံသည် ဖြစ်၍၊ ရန်သူ တို့၌ အားမရမှီတိုင်အောင်၊ ကြောက်ခြင်းနှင့် လွတ်လိမ့် မည်။

  20. သူသည် စွန့်ကြဲပြီ။ ဆင်းရဲသော သူတို့အား ပေးကမ်းပြီ။ သူ၏ ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ်၏။ သူ၏ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။

  21. မတရားသောသူတို့သည် မြင်၍၊ နာကြင်သော စိတ်ရှိကြလိမ့်မည်။ အံသွားခဲကြိတ်၍ ပိန်ချုံးကြလိမ့်မည်။ မတရားသောသူတို့၏ အလိုသည် ပျက်စီးရလိမ့်မည်။

  22. ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား ၏နာမတော်ကို ချီးမွမ်းကြလော့။ ချီးမွမ်းကြလော့။

  23. ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍၊ အစဉ်အဆက် မင်္ဂလာရှိစေသတည်း။

  24. နေထွက်ရာမှသည် နေဝင်ရာတိုင်အောင်၊ ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဘွယ်ဖြစ်၏။

  25. ထာဝရဘုရားသည် လူမျိုးတကာတို့ အပေါ်၌၎င်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌၎င်း မြင့်တော်မူ၏။