အကြောင်းအရာသို့ ကျော်သွားရန်

Persia အကြောင်း ကျမ်းစာအခန်းငယ်များ

117 အခန်းငယ် · 9 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယုဒရှင်ဘုရင် ဇေဒကိနန်းစံလေးနှစ်တွင်၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန်မြို့သို့လိုက်သွားသော၊ မာသေယ၏သားဖြစ်သောနေရိ၏ သားအတွင်း ဝန်စရာယ ကိုမှာထားသော စကားဟူမူကား၊

  2. သင်သည် ဗာဗုလုန်မြို့သို့ရောက်သောအခါ၊ ဤစကားအလုံးစုံတို့ကို ကြည့်ရှု၍ ဘတ်ရမည်။

  3. ထိုအခါသင်က၊ အိုထာဝရဘုရား၊ ကိုယ်တော် သည် ဤအရပ်၌ လူမရှိ၊ တိရစ္ဆာန်မရှိ၊ အစဉ်မပြတ် ဆိတ်ညံရာအရပ်ဖြစ်စေ၍၊ သုတ်သင်ပယ်ရှင်းမည် အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆိုရမည်။

  4. ဤစာကို အကုန်အစင်ဘတ်ပြီးလျှင်၊ စာပေါ် မှာ ကျောက်ကို ချည်ထား၍၊ ဥဖရတ်မြစ်အလယ်မှာ ချပစ်လျက်၊

  5. ဗာဗုလုန်မြို့သည် ဤသို့နစ်ရလိမ့်မည်။ ငါ ရောက်စေသော ဘေးဥပဒ်ထဲကနောက်တဖန် မထ မြောက်ရ။ မြို့သူမြို့သားတို့သည် အားကုန်လျက် နေရကြ လိမ့်မည်ဟု၊ မြွက်ဆိုရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား၊ ယေရမိစကားပေတည်း။

  6. ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏ တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှား စေကြ၏။

  7. ထိုအရပ်၌ ဧလံနှင့်သူ၏ သင်္ချိုင်းပတ်လည်၌ သူ၏လူအလုံးအရင်းရှိသမျှတို့သည် ထားဖြင့်သေ၍ လဲလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတပါးကို ကြောက်စေတတ်သော်လည်း၊ အရေဖျားလှီး ခြင်းကိုမခံသော လူဖြစ်၍မြေအောက်အရပ်သို့ ဆင်း သွားရသဖြင့်၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့် အတူ အရှက်ကွဲလျက် သေသောသူတို့နှင့်အတူ နေရာကျ ကြ၏။

  8. မိမိအလုံးအရင်းနှင့် အိပ်၍သူတို့ သင်္ချိုင်းတွင်း တို့သည် ပတ်လည်၌ ရှိကြ၏။ ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ထားခြင့် သေကြ ၏။ အသက်ရှင်သောသူတို့၏ နေရာ၌သူတပါးကို ကြောက်စေတတ်သော်လည်း၊ မြေတွင်းထဲသို့ ဆင်သွား သော သူတို့နှင့်အတူ အရှက်ကွဲသဖြင့်၊ သေသောသူတို့နှင့် အတူ နေရာကျကြ၏။

  9. အသီးအသီး ဒိုင်လွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသောပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊

  10. အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော် မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါ နှင့် ပြည်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။

  11. သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေဖြစ်၏။

  12. ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ခြေဘဝါးနှင့် ဖမိုး သည် သံတပိုင်းသရွတ်တပိုင်းဖြစ်၏။

  13. ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊

  14. သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့် ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။

  15. ယခုတွင် အိပ်မက်တော်၏အနက်ကို ဘော်ပြ၍ နားတော်လျှောက်ပါမည်။

  16. အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင် သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ။

  17. လူနေရာ ရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ် ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦး ခေါင်းဖြစ်တော်မူ၏။

  18. ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့် မည်။ ထိုနောက်၊ မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံတည်ထောင် လိမ့်မည်။

  19. စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံ ဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်း ကို ပြုလိမ့်မည်။

  20. ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ် တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော် လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်ဖြစ်၍၊ သံသည်ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။

  21. ခြေချောင်းတို့သည် သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်၎င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်းဆက်ဆံလိမ့်မည်။

  22. ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည်။ သို့သော် လည်း၊ သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဘော်၍ မသင့်နိုင်ကြ။

  23. လက်နှင့်မထုမလုပ်ဘဲ ကျောက်တလုံးသည် တောင်ပေါ်ကအလို လိုပဲ့ကွာ၍၊

  24. သံကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နီုင်သော နိုင်ငံတခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံ ရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ထိုသို့နောက်၌ ဖြစ်လတံ့သောအရာတို့ကို ကြီးမြတ်တော် မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြော တော်မူ၏။ အိပ်မက်တော်ရွေ့လျော့ခြင်းမရှိ။ အနက် သည်လည်း မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။

  25. ဖေရက်၏ အနက်ဓိပ္ပါယ်ကား၊ နိုင်ငံတော်ကို ခွဲဝေ၍ မေဒိလူ၊ ပေရသိလူတို့အား အပ်ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြား လျှောက်ထား၏။