အကြောင်းအရာသို့ ကျော်သွားရန်

Peace Offerings အကြောင်း ကျမ်းစာအခန်းငယ်များ

70 အခန်းငယ် · 38 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တွင် ပူဇော်သော တဘို့၊ သိုးနွားတွင် အဦးဘွားသော သားငယ်၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော် သက္ကာ၊ ချီမြှောက်ရာ ပူဇော်သက္ကာ တစုံတခုကိုမျှ၊ သင်တို့ သည် ကိုယ်နေရာအရပ်၌ မစားရ ကြ။

  2. သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ်၌၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တည်းခိုသော လေဝိ သားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရား သခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကို ပြုရကြမည်။

  3. ထာဝရဘုရား၏ ကျွန်မောရှေသည်၊ ဣသရေ လအမျိုးသားတို့ကို မှာထား၍ မောရှေ၏ ပညတ္တိကျမ်း၌ ရေးမှတ်လျက်ရှိသည်အတိုင်း၊ သံတန်ဆာမပါမသုံးဘဲ မကွဲမပြတ်သော ကျောက်တို့ဖြင့် ယဇ်ပလ္လင်ကို တည်၍၊ ထာဝရဘုရားအဘို့ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။

  4. ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား၍ ငိုကြွေးလျက်၊ ထာဝရဘုရားထံတော်၌ ဝပ်လျက်၊ တနေ့လုံး ညဦးယံတိုင်အောင် အစာကို ရှောင်၍ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ၏။

  5. နက်ဖြန်နံနက်စောစော လူများတို့သည် ထပြီးလျှင်၊ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။

  6. သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိဿဟာယယဇ် တို့ကို ပူဇော်ခြင်းငှါ သင်ရှိရာသို့ လာမည်။ ငါလာ၍ သင်ပြုရသော အမှုကို မပြမှီတိုင်အောင် သင်သည် ငံ့နေရမည်ဟု ဆို၏။

  7. လူအပေါင်းတို့သည် ဂိလဂါလမြို့သို့ သွား၍၊ ထိုမြို့၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရားရှေ့တော်မှာ မိဿဟာယယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ၏။

  8. ထာဝရဘုရား၏ သေတ္တာတော်ကိုသွင်း၍ ဒါဝိဒ် ဆောက်နှင့်သောတဲအလယ်တွင် သူ့နေရာ၌ ထားကြပြီးမှ၊ ဒါဝိဒ်သည်မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ထာဝရဘုရားရှေ့တော်၌ ပူဇော်လေ၏။

  9. ထိုအရပ်၌ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော် လေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလပြည်အဘို့ ဆုတောင်းသောစကားကို နားထောင်၍ ကာလနာ ဘေးကို ငြိမ်းစေတော်မူ၏။ ဓမ္မရာဇဝင်ဒုတိယစောင်ပြီး၏။

  10. ရှောလမုန်သည် နိုး၍အိပ်မက်ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဘို့ ပွဲကို စီရင်တော်မူ၏။

  11. ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ ဣသ ရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော်၌ ယဇ်ပူဇော်ကြ၏။

  12. နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိဿဟာယ ယဇ် ပူဇော်သဖြင့်၊ ထာဝရဘုရား၏အိမ်တော်ကို အနု မောဒနာပြုကြ၏။

  13. ထိုနေ့၌လည်း၊ ရှင်ဘုရင်သည် ထာဝရဘုရား၏ အိမ်တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို ပူဇော်၏။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို မခံလောက်။

  14. ထာဝရဘုရားရှေ့တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။

  15. တပါးအမျိုးတို့၏ ဘုရားများနှင့် အရင်လုပ် သောရုပ်တုကို၊ ဗိမာန်တော်ထဲက ထုတ်၍၊ ဗိမာန်တော် တောင်ပေါ်၊ ယေရုရှလင်မြို့ထဲမှာ အရင်တည်သော ယဇ်ပလ္လင်တို့ကိုလည်း မြို့ပြင်သို့ ထုတ်ပစ်လေ၏။

  16. ထာဝရဘုရား၏ ယဇ်ပလ္လင်ကိုပြုပြင်၍၊ မိဿ ဟာယယဇ်နှင့် ကျေးဇူးတော်ဝန်ခံရာ ယဇ်တို့ကိုပူဇော်၏။ ယုဒပြည်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုမည်အကြောင်း မှာထား၏။

  17. သူတို့အပြစ်ကို ဖြေခြင်းငှါ ဣသရေလကျက်စား ရာ၊ ရေများသော အရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တကောင်ကို ဘော်ဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  18. မင်းသားသည် ထိုတံခါးမုတ်ဖြင့် ဝင်၍ တံခါး တိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင်၊ ညဦးယံမရောက်မှီ ထိုတံခါးကို မပိတ်ရ။

  19. သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။

  20. အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။