အကြောင်းအရာသို့ ကျော်သွားရန်

Obedience to God အကြောင်း ကျမ်းစာအခန်းငယ်များ

143 အခန်းငယ် · 45 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်၏ဘုရားသခင် ထာဝရဘုရားသည် ဘုန်းကြီး၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကြောက်စေခြင်းငှာ၊ ဤကျမ်းစာ၌ ရေးထားသော ဤတရားတော်ကို စကားအလုံးစုံတို့ကို သင်သည် မကျင့် မစောင့်ဘဲ နေလျှင်၊

  2. ထာဝရဘုရားသည် သင်ခံရသောဘေး၊ သင့်အ မျိုးအနွှယ် ခံရသော ဘေးတို့ကို အံ့ဩဘွယ်သော ဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံ သောရောဂါဝေဒနာ ဖြစ်စေတော်မူမည်။

  3. ထိုမှတပါး၊ သင်ကြောက်တတ်သော အဲဂုတ္တု ပြည်၏ အနာရောဂါရှိသမျှတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူသဖြင့်၊ သင်၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည်။

  4. ထိုမှတပါး၊ ဤပညတ္တိကျမ်းစာ၌ ရေး၍မထား သော အနာရောဂါ ဘေးဥပဒ်ရှိသမျှတို့ကို သင်သည် မပျက်စီးမှီတိုင်အောင်၊ သင့်အပေါ်မှာ ထာဝရဘုရား သက်ရောက်စေတော်မူမည်။

  5. သင်သည် အရေအတွက်အားဖြင့် မိုဃ်းကောင်း ကင် ကြယ်ကဲ့သို့များသော်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင်သော ကြောင့် နည်းနည်းဖြစ်ရလိမ့်မည်။

  6. သင့်ကို ကျေးဇူးပြု၍ များပြားစေသောအမှု၌ ထာဝရဘုရား ပျော်မွေ့တော်မူသည်နည်းတူ၊ တဖန် သင့်ကို ဖျက်ဆီး၍ အကျိုးနည်းစရာ အမှု၌ ပျော်မွေ့ တော်မူသဖြင့်၊ သင်သွား၍ ဝင်စားလတံ့သော ပြည်ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။

  7. ထာဝရဘုရားသည်လည်း၊ မြေကြီးစွန်းတဘက် မှသည် တဘက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့်သင့် ဘိုးဘေးတို့ မသိဘူးသော အခြားတပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။

  8. ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ၊ နေရာမကျရာ။ နှလုံးတုန်လှုပ်ခြင်း၊ မျက်စိမြော်၍ အား ကုန်ခြင်း၊ ဝမ်းနည်းခြင်းအကြောင်းကို ထာဝရဘုရား စီရင်တော်မူသဖြင့်၊

  9. သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ညဉ့် မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေရလိမ့်မည်။

  10. သင်၏စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအ ကြောင်း၊ သင့်မျက်စိနှင့် မြင်ရသောအရာကြောင့်၊ နံနက် အချိန်၌ သင်က၊ ညဉ့်ရောက်ပါစေဟူ၍၎င်း၊ ညဉ့်အချိန်၌ နံနက်ရောက်ပါစေဟူ၍၎င်း ဆုတောင်းရလိမ့်မည်။

  11. ထိုလမ်းကို နောက်တဖန် သင်မမြင်ရဟု မိန့် တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တဖန် သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့၌ ရောင်းကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှ သင့်ကို မဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြော လေ၏။ ပညတ်တော်တို့ကို စောင့်၍ လမ်းတော်သို့ လိုက်လျှင်၊ ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း၊ သင့်ကို ကိုယ်တော် အဘို့ သန့်ရှင်းသော အမျိုးအစဉ် အမြဲဖြစ်စေတော်မူ မည်။

  12. အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်း တို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလအမျိုး သားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့် လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်ဟု ဘိုး ဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီး သောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော် မူ၏။

  13. ထာဝရဘုရား၏ကျွန် မောရှေမှာထားသမျှ အတိုင်း၊ သင်တို့သည် ပြု၍၊ ငါမှာထားသမျှသော စကား ကိုလည်း နားထောင်ကြပြီ။

  14. ယနေ့တိုင်အောင် ကြာမြင့်စွာသောကာလပတ် လုံး သင်တို့သည် ညီအစ်ကိုများကို မစွန့်ဘဲနေ၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက်ကြပြီ။

  15. လူများတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုပါမည်။ စကားတော်ကို နားထောင်ပါ မည်ဟု ဝန်ခံပြီးမှ၊

  16. တဖန် ရှမွေလက၊ သင်တို့သည် အခြားတပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဘို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆုံးမသည်အတိုင်း၊-

  17. သင်တို့သည် ထာဝရဘုရားကို ကြောက်ရွံ့၍ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကား တော်ကို နားထောင်လျှင် သင်တို့နှင့် သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။

  18. ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။

  19. အာသသည် အဘိတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ တရားသဖြင့်ပြု၏။

  20. ဧလိယသည်သွား၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ နေလေ၏။

  21. ထာဝရဘုရား၌ဆည်းကပ်၍နောက်တော်သို့အစဉ်အမြဲလိုက်သဖြင့် မောရှေ၌ထာဝရဘုရားထားတော်မူ သောပညတ်တော်တို့ကို စောင့်ရှောက်လေ၏။

  22. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။

  23. အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား ၏ တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှါ၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင် ခြင်းငှါ၎င်း သဘောကျသောသူဖြစ်၏။

  24. သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှု တို့ကို မအောက်မေ့။ အာဏာတော်ကို ငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကိုချီးမြှောက်ကြ၏။ သို့ရာ တွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူ သောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ။

  25. အကျွန်ုပ်စကားသံကို ကြားသည်ခဏခြင်းတွင် နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။