Missionary Work By Ministers အကြောင်း ကျမ်းစာအခန်းငယ်များ: Christ engaged in
Christ engaged in အကြောင်း အခန်းငယ်များ
ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။
ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
ထိုသို့ တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို အကုန်အစင်မှာထားတော်မူပြီးလျှင်၊ မြို့ရွာများတို့၌ ဆုံးမ ဩဝါဒပေးခြင်းငှါ၎င်း၊ သိတင်းကြားပြောခြင်းငှါ၎င်း၊ ထိုအရပ်မှ ကြွတော်မူ၏။
ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှါ သွားကြကုန်အံ့။ ထိုသို့ အလို့ ငှါ ငါကြွလာပြီဟု မိန့်တော်မူ၍၊
ဂါလိလဲပြည်အရပ်ရပ် တရားစရပ်တို့၌ တရားဟောလျက်နတ်ဆိုးတို့ကို နှင်ထုတ်လျက်နေတော်မူ၏။
ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော် နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။