Skip to content

Measures အကြောင်း ကျမ်းစာအခန်းငယ်များ

41 အခန်းငယ် · 26 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ၊ မိုဃ်း ကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ၊ တောင်ကြီးကို ချိန်ခွင်ဖြင့်၎င်း၊ တောင်ငယ်ကို ကပ်ပယ်ဖြင့်၎င်း ချိန် သောသူကား အဘယ်သူနည်း။

  2. တဖန်မိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင် ခြင်းငှါ သင်နှင့်အတူ ငါရှိ၏။ ငါသည်သင့်ကို ငါကွဲပြား စေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ အပြစ်ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန် ဆုံးမမည်။

  3. ဂါရက်တောင်ကို လွန်၍ မျဉ်းကြိုးနှင့်တန်းချ လိမ့်မည်။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည်။

  4. ရေကိုလည်းတနေ့တနေ့လျှင် တဗတ်စီခြင်၍ သောက်ရမည်။

  5. တဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သော စိတ်နှင့်စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက် ရကြမည်။

  6. ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ၏။

  7. ဧဖါနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါး သည် ဟောမဲကို အမှီပြု၍၊ ဧဖါသည် တဟောမဲတွင် ဆယ်စုတစု၊ ဗတ်သည်လည်း တဟောမဲတွင် ဆယ်စုတစု ရှိရမည်။

  8. ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တကောရ တွင် ဗတ်ဆယ်စုတစုကို ပူဇော်ရမည်။ တဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တကောရသည်ဆယ်ဗတ် ဖြစ်သတည်း။

  9. မတရားသော သူတို့၏အိမ်၌ မတရားသဖြင့် ဆည်းဖူးသော ဥစ္စာနှင့်၊ ရွံရှာဘွယ်သော တင်းတောင်း ငယ်ရှိသေးသလော။

  10. အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတတိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။

  11. ထိုမှတပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသောဧမောက် အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊

  12. ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဘို့အလိုငှါ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။

  13. ယေရှုသည် လာဇရုသေကြောင်းကိုမှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိအိပ်ပျော်ကြောင်းကို မိန့် တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။

  14. ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ၏။ ထိုမှစိုးစည်းလွန်ပြန်လျှင်၊ တဖန်ရေကိုစမ်း၍ တဆယ်ငါးလံရှိသည်ကို တွေ့ကြ၏။

  15. ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။

  16. မြို့သည် စတုရန်းလေးထောင့်ဖြစ်၏။ ထိုသူ သည် ကျူလုံးနှင့် မြို့ကိုတိုင်း၍ မြို့၏ အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်ဆယ်စီရှိ၏။