Skip to content

Lending အကြောင်း ကျမ်းစာအခန်းငယ်များ: General references

42 အခန်းငယ် · 1 ရှုထောင့်

General references အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါ့လူဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေကို ချေးလျှင်၊ အတိုးစားသော သူကဲ့သို့ သူ၌မပြု၊ အတိုးကို မတောင်းရ။

  2. အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ ပေါင်ထားလျှင်၊ မိုဃ်းမချုပ်မှီ ပြန်ပေးရမည်။

  3. အကြောင်းမူကား၊ အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ်နိုင်သနည်း။ ငါ့အား အော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသော သဘောရှိ၏။

  4. သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ လက်အားလျော့သဖြင့် တပါးအမျိုးသား ဧည့်သည်အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာ နေစေခြင်းငှါ သူ့ကို မစရမည်။

  5. သူ၌ အတိုးအပွားကို မယူရ။ သင်၏ အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှါ၊ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့လော့။

  6. အတိုးအပွါးကို မြော်လင့်၍ ငွေကို၎င်း၊ စားစရာကို၎င်း၊ သူ၌ မချေးမငှါးရ။

  7. ခုနစ်နှစ်တခါ လွှတ်ခြင်းကို ပြုရမည်။

  8. လွှတ်ခြင်းတရား ဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည် ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်း ကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ။

  9. တကျွန်းတနိုင်ငံသား၌ တောင်းရသောအခွင့် ရှိ၏။ ညီအစ်ကို၌ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲ လွှတ်ရမည်။

  10. သင်၌ ဆင်းရဲသား မရှိစေခြင်းငှာ၊ ထိုသို့ပြုရ မည်။ သင်၏ဘုရားသခင် ထာဝရဘုရားသည် အမွေခံ ဘို့ရာ အပိုင်ပေးတော်မူသောပြည်၌ သင့်ကို အလွန် ကောင်းကြီးပေးတော်မူမည်။

  11. ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင် လော့။

  12. သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့် မည်။ သူတို့သည် သင့်အား ချေးငှားသော အခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့ သည် သင့်ကို အစိုးမပိုင်ရကြ။

  13. သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်တွင်၊ မြို့တစုံတမြို့၌ ဆင်းရဲသော ညီအစ်ကို ချင်း ရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။

  14. သင်၏လက်ကို သူ့အဘို့ ကျယ်ကျယ်ဖွင့်၍၊ သူ၏ ဆင်းရဲ ပျောက်လောက်အောင် ချေးငှားရမည်။

  15. သင့်စိတ်နှလုံး၌ ဆိုးညစ်သော သဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့ လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့်၊ သင်၌ အပြစ်မရောက်မည်အကြောင်း သတိပြုလော့။

  16. အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသော အခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါန ကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြု လေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းကြီးပေးတော်မူ မည်။

  17. သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထို့ကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာ ထား၏။

  18. သင်၏အမျိုးသားချင်း၌ အတိုးယူ၍၊ ငွေ၊ စားစရာ၊ အသုံးအဆောင်ကို မချေးမငှားရ။

  19. တပါးအမျိုးသား၌ အတိုးယူ၍ ချေးငှားရ၏။ သင်သွား၍ ဝင်စားသောပြည်တွင် သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေး တော်မူမည်အကြောင်း၊ အမျိုးသားချင်း၌ အတိုးယူ၍ ချေးငှားခြင်းကို ရှောင်ရမည်။

  20. သင်သည် အမျိုးသားချင်း၌ တစုံတခုကို ချေး ငှားလျှင်၊ အပေါင်ထားသောဥစ္စာကို ယူခြင်းငှာ သူ့အိမ်ထဲ သို့ မဝင်ရ။

  21. သင်သည် အိမ်ပြင်မှာရပ်နေ၍၊ ထိုသူသည် အပေါင်ထားသော ဥစ္စာကို သင့်ရှိရာအိမ်ပြင်သို့ ဆောင်ခဲ့ ရမည်။

  22. ထိုသူသည် ဆင်းရဲလျှင်၊ ပေါင်၍ထားသော ဥစ္စာကို ပြန်မအပ်ဘဲ ညဉ့်ကိုမလွန်စေရ။

  23. သူသည် မိမိအဝတ်ကို ဝတ်ခြုံလျက် အိပ်ပျော်၍ သင့်ကိုကောင်းကြီးပေးမည် အကြောင်း၊ သူပေါင်၍ထား သော ဥစ္စာကို နေဝင်လျှင် ဆက်ဆက်ပြန်အပ်ရမည်။ ထိုသို့ပြုသော အမှုသည် သင်၏ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဖြောင့်မတ်သောအမှု ဖြစ်လိမ့်မည်။

  24. ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသား ချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။

  25. အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာ ဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟုဆိုကြ၏။