Skip to content

Inspiration အကြောင်း ကျမ်းစာအခန်းငယ်များ

20 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည်။

  2. ထိုအရပ်၌ ငါသည် သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါး စပ်ကြားမှာ သင်နှင့် နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။

  3. ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာ စုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။

  4. ငါသည်လည်း ထိုအရပ်သို့ ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာ တင်မည်။ ဤလူ တို့ကို သင်တယောက်တည်းသာ ဆောင်ရွက်ရမည် မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။

  5. သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဘို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့။ အမဲ သားကိုစားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့ အား အမဲသားကို ပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌ နေစဉ်၊ ငါတို့သည် ချမ်းသာစွာနေကြ၏ဟု ငိုကြွေးလျက် ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့်၊ အမဲသား ကို ပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။

  6. တရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက် နှစ်ဆယ်သာ စားရကြမည်မဟုတ်။

  7. သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာ ဖြစ်သည်တိုင်အောင် တလပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော်၌ ငိုကြွေးလျက် ပြောဆိုကြပြီ တကားဟု မောရှေအား မိန့်တော်မူ၏။

  8. မောရှေကလည်း၊ အကျွန်ုပ်နှင့် ဆိုင်သော လူယောက်ျားအပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တလစားစရာဘို့ သူတို့အား အမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊

  9. သူတို့ကို ဝစွာကျွေးခြင်းငှါ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှါ၊ ပင်လယ်ငါးရှိသမျှ တို့ကိုစုဝေးရပါမည်လောဟု လျှောက် လျှင်၊

  10. ထာဝရဘုရားက ထာဝရဘုရား လက်တို သလော။ ငါ့စကား တည်မည် မတည်မည်ကို သင်သိလိမ့် မည်ဟု မောရှေအား မိန့်တော်မူ၏။

  11. မောရှေသည် ထွက်၍ ထာဝရဘုရား၏ စကား တော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ပတ်လည်၌ ထားလေ၏။

  12. ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ယူ၍ အသက်ကြီးသူ ခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ထိုဝိညာဉ်သည် သူတို့အပေါ်မှာ ကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။

  13. ထိုလူစု၌ ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာ နေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်း ပရောဖက်ပြု၍ တပ်ထဲမှာ ဟောကြ၏။

  14. လုလင်တယောက်သည်လည်း မောရှေထံသို့ ပြေး၍၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက် ပြု၍ဟောပါ၏ဟု လျှောက်လျှင်၊

  15. မောရှေ၏ လက်ထောက်ဖြစ်သော လုလင်နုန် သား ယောရှုက၊ သခင်မောရှေ၊ သူတို့ကို ဆီးတားတော်မူ ပါဟုဆိုသော်၊

  16. မောရှေက၊ သင်သည် ငါ့အတွက် ငြူစူသော စိတ်ရှိသလော။ ထာဝရဘုရား၏ လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေသောဟု ဆိုပြီးမှ၊

  17. သင်တို့ကို တရားစရပ်သို့၎င်း၊ အကဲအမှူး၊ မင်းများရှေ့သို့၎င်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန် ပြောရမည်ကို မစိုးရိမ်ကြနှင့်။

  18. အကြောင်းမူကား၊ ထိုခဏခြင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည် အကြံ ပေးမည်ဟု မိန့်တော်မူ၏။

  19. သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍ ၊ တံပိုး ခရာ အသံကဲ့သို့ငါ့နောက်၌ မြည်သော အသံကြီးကို ကြား၏။

  20. မြည်သောအချက်ဟူမူကား၊ သင်သည်မြင်သော အရာကို စာစောင်၌ ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက် လော့ဟုဆိုသတည်း။