Skip to content

Barabbas အကြောင်း ကျမ်းစာအခန်းငယ်များ

28 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူတယောက်ရှိ၏။

  2. လူများ စည်းဝေးကြသည်ရှိသော်၊ ပိလတ်မင်းက၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း။ ဗာရဗ္ဗကိုလွှတ်စေချင်သလော။ ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အား မေး လေ၏။

  3. အဘယ်ကြောင့် ဤသို့ မေးသနည်းဟုမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကို အပ်နှံ ကြောင်းကို ပိလတ်မင်းသိ၏။

  4. ထိုမှတပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တယောက်ကို စေလွှတ်၍၊ ထို ဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရ ပါပြီဟု မှာလိုက်၏။

  5. လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုသတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူ အကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။

  6. ထို့ကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကို လွှတ်စေချင်သနည်း ဟု လူများကို တဖန်မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။

  7. ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်ဟု ခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော်၊ ထိုသူအပေါင်းတို့က၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ၏။

  8. မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်အပြစ်ကို ပြုဘိသနည်းဟုမေးလျှင်၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ဟစ်ကြ၏။

  9. ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများ ရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သော သူ၏အသွေးနှင့်ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။

  10. ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌၎င်း တည်ရှိပါစေဟု ပြန်ပြောကြ၏။

  11. ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါး ကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။

  12. ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတယောက် သည်၊ ပုန်ကန်သောအပေါင်းဘော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။

  13. လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍ တောင်းပန်သောအခါ၊

  14. ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန်၍မေး၏။

  15. အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကိုသိ၏။

  16. ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစု အဝေးကို နှိုးဆော်ကြ၏။

  17. တဖန်ပိလတ်မင်းက၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကိုအဘယ်သို့ပြုရမည်နည်းဟု မေးမြန်း သော်၊

  18. ထိုသူအပေါင်းတို့က၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု ဟစ်ကြ၏။

  19. ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ၍ ဟစ်ကြ၏။

  20. ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှါ အလိုရှိ၍၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။

  21. လူအပေါင်းတို့က၊ ထိုသူကို ထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့ဟု တညီတညွတ် တည်း ဟစ်ကြော်ကြ၏။

  22. ထိုဗာရဗ္ဗကား၊ မြို့၌ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ၌ လှောင် ထားသောသူဖြစ်သတည်း။

  23. ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အားတဖန်ပြောဆိုလေ၏။

  24. သူတို့ကလည်း၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။

  25. ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း။ သေထိုက်သောအပြစ်တစုံတခုမျှ သူ၌ ငါမတွေ့။ ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု သုံးကြိမ်မြောက်အောင်ဆိုလျှင်၊