အကြောင်းအရာသို့ ကျော်သွားရန်

Afflictions and Adversities အကြောင်း ကျမ်းစာအခန်းငယ်များ

526 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်တို့ကျင့်စရာဘို့ မှာထားတော်မူသော ပဋိ ညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ ၏။

  2. သင်တို့သည် သွား၍ ဝင်စားသောပြည်၌ သင်တို့အား ငါသွန်သင်ရသော စီရင်ထုံးဖွဲ့ ချက်တို့ကို လည်း၊ ထိုအခါ ထာဝရဘုရားသည် ငါ့အား မှာထား တော်မူ၏။

  3. ဟောအရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲက သင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့် အဆင်းသဏ္ဍာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊

  4. နောက်တဖန် သင်တို့သည် လူယောက်ျား၊ လူမိန်းမသဏ္ဍာန်၊

  5. မြေကြီးပေါ်မှာရှိသော တိရစ္ဆာန်သဏ္ဍာန်၊ မိုဃ်းကောင်းကင်၌ ပျံတတ်သော ငှက်သဏ္ဍာန်၊

  6. မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်သဏ္ဍာန်၊ မြေနိမ့်ရာရေ၌ နေသော ငါးသဏ္ဍာန်ရှိသော ရုပ်တုကို၊ သင်တို့သည် ဖောက်ပြန်၍ ကိုယ့်အဘို့ မလုပ်ရမည်အ ကြောင်း၊

  7. မိုဃ်းကောင်းကင်ကို မြော်၍၊ နေ၊ လ၊ ကြယ်များ တည်းဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော လူမျိုးတို့ အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတပါးတို့သည် သွေးဆောင် ၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု ကြလော့။

  8. သင်တို့သည် ယနေ့၌ ဖြစ်သကဲ့သို့၊ ထာဝရ ဘုရား အမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနှုတ်၍ ယူဆောင်တော်မူပြီ။

  9. ထိုမှတပါး၊ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်တော်ထွက်၍၊ ငါသည် ယော်ဒန်မြစ် တဘက်သို့ မကူးရမည်အကြောင်းနှင့် သင်တို့၏ ဘုရား သခင် ထာဝရဘုရားသည် သင်တို့အမွေခံစရာဘို့ ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည် အကြောင်း ကျိန်ဆိုတော်မူပြီ။

  10. သို့ဖြစ်၍ ဤပြည်၌ ငါသေရမည်၊ ယော်ဒန်မြစ် ကို မကူးရ။ သင်တို့သည် ကူး၍ ထိုကောင်းမွန်သော ပြည်ကို ဝင်စားကြလိမ့်မည်။

  11. သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့၌ ထားတော်မူသော ပဋိညာဉ်တရားကို မေ့လျော့ ၍၊ သင်တို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူ သော အရာတို့၏ သဏ္ဍာန်ရှိသော ရုပ်တုကို မလုပ်မည် အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။

  12. အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။

  13. သင်တို့သည် သားမြေးတို့ကို ဘွားမြင်၍၊ ထိုပြည်၌ ကြာမြင့်စွာ နေပြီးမှ၊ တဖန် ဖောက်ပြန်သဖြင့်၊ သဏ္ဍာန်တစုံတခုရှိသော ရုပ်တုကို လုပ်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အမျက်တော်ကို နှိုးဆော် ခြင်းငှာ ရှေ့တော်၌ ဒုစရိုက်ကို ပြုလျှင်၊

  14. ကောင်းကင်မြေကြီးကို သင်တို့တဘက်၌ ယနေ့ ငါတိုင်တည်သည်ကား၊ သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ဝင်စားသောပြည်၌၊ မကြာမမြင့်မှီ ဆက်ဆက် ပျောက်ပျက်ရ ကြလိမ့်မည်။ ထိုပြည်၌ တာရှည်စွာ အသက်မရှင်ရ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရ ကြလိမ့် မည်။

  15. ထာဝရဘုရားသည်လည်း၊ သင်တို့ကို တပါး အမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော် မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်းရကြလိမ့်မည်။

  16. ထိုအရပ်တို့၌၊ လူလက်ဖြင့်လုပ်၍ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည်။

  17. သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရား သခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါ၊ စိတ်နှလုံး အကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။

  18. သင်တို့သည် နောင်ကာလ၌ ဒုက္ခဆင်းရဲကို ခံရ၍၊ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍ စကား တော်ကို နားထောင်လျှင်၊

  19. သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သနားတတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင်တို့ကို စွန့်ပစ်ဖျက်ဆီးတော်မမူ။ သင်တို့ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားကို မေ့လျော့ တော်မမူ။

  20. ယနေ့ ငါဆင့်ဆိုသော သင်၏ဘုရားသခင် ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ ကို ကျင့်စောင့်ခြင်းငှာ စကားတော်ကို နားမထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကျိန်ခြင်း အမင်္ဂ လာများဟူမူကား၊

  21. သင်သည် မြို့၌ အမင်္ဂလာရှိလိမ့်မည်၊ တော၌ အမင်္ဂလာရှိလိမ့်မည်။

  22. ခြင်တောင်း၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း အမင်္ဂလာရှိလိမ့်မည်။

  23. သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့် ၎င်း၊ သိုးနွားအစီးအပွားအားဖြင့်၎င်း အမင်္ဂလာရှိလိမ့် မည်။

  24. မိမိအိမ်ထဲသို့ ဝင်သောအခါ အမင်္ဂလာရှိလိမ့် မည်။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည်။

  25. ထာဝရဘုရားကို စွန့်၍ ပြုမိသော ဒုစရိုက် အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင်၊ ပြုလေရာရာ၌ ကျိန်ဆဲခြင်း၊ နှောင့်ရှက်ခြင်း၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူမည်။