circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်လုကာခရစ်ဝင် 14:17ခရစ်နှစ် 33 ခန့်
ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဘိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီဟု မှာ၍ အစေအပါးကို စေလွှတ်၏။
- ရှင်လုကာခရစ်ဝင် 14:18ခရစ်နှစ် 33 ခန့်
ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်းပရိယာယ်ပြုကြ၏။ တယောက်က၊ အကျွန်ုပ် သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။
- ရှင်လုကာခရစ်ဝင် 14:19ခရစ်နှစ် 33 ခန့်
တယောက်က အကျွန်ုပ်သည် နွားငါးယဉ်ကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦး လော့ဟု တောင်းပန်လေ၏။
- ရှင်လုကာခရစ်ဝင် 14:20ခရစ်နှစ် 33 ခန့်
တယောက်က၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါဟုဆို၏။
- ရှင်လုကာခရစ်ဝင် 14:21ခရစ်နှစ် 33 ခန့်
အစေအပါးသည် သခင့်ထံသို့ပြန်လာ၍ ထိုအကြောင်းများကိုလျှောက်လေ၏။ ထိုအခါ အိမ်ရှင် သည် အမျက်ထွက်၍၊ မြို့လမ်းမလမ်းကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေ မစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါးကို ဆို၏။
- ရှင်လုကာခရစ်ဝင် 14:22ခရစ်နှစ် 33 ခန့်
အစေအပါးကလည်း၊ သခင်စီရင်တော်မူသည်အတိုင်းပြုပါပြီ။ သို့သော်လည်း လပ်သောနေရာထိုင်ရာ ရှိပါသေးသည်ဟု လျှောက်လေသော်၊
- ရှင်လုကာခရစ်ဝင် 14:23ခရစ်နှစ် 33 ခန့်
သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိုင်အထက် ခေါ်သွင်း လော့။
- ရှင်လုကာခရစ်ဝင် 14:24ခရစ်နှစ် 33 ခန့်
အထက်က ခေါ်ဘိတ်သောသူတယောက်မျှ ငါ့ပွဲသို့ မဝင်ရ၊ ငါအမိန့်ရှိပြီဟု အစေအပါးကို ဆိုသည်ဟု မိန့်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 14:25ခရစ်နှစ် 33 ခန့်
လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကို ယေရှုသည်လှည့်၍ ကြည့်တော်မူပြီး လျှင်၊
- ရှင်လုကာခရစ်ဝင် 14:26ခရစ်နှစ် 33 ခန့်
အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။
- ရှင်လုကာခရစ်ဝင် 14:27ခရစ်နှစ် 33 ခန့်
အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့် မဖြစ် နိုင်ရာ။
- ရှင်လုကာခရစ်ဝင် 14:28ခရစ်နှစ် 33 ခန့်
သင်တို့တွင် တယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေ လောက်မည် မလောက်မည်ကို သိခြင်းငှါ၊ ရှေ့ဦးစွာ ထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲနေမည်လော။
- ရှင်လုကာခရစ်ဝင် 14:29ခရစ်နှစ် 33 ခန့်
သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကို မပြီးနိုင်လျှင်၊ သိမြင်သောသူအပေါင်းတို့က၊
- ရှင်လုကာခရစ်ဝင် 14:30ခရစ်နှစ် 33 ခန့်
ဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 14:31ခရစ်နှစ် 33 ခန့်
တနည်းကား၊ တစုံတယောက်သော ရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟု အကြံ ရှိလျှင်၊ လူနှစ်သောင်းနှင့် ချီလာသော ရှင်ဘုရင်ကို လူတသောင်းနှင့် ခံနိုင်မည် မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲ နေမည်လော။
- ရှင်လုကာခရစ်ဝင် 14:32ခရစ်နှစ် 33 ခန့်
မခံနိုင်သည် မှန်လျှင်၊ အခြားသော ရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကို စေလွှတ်၍ စစ်ငြိမ်းမည် အကြောင်း တောင်းပန်တတ်သည်မဟုတ်လော။
- ရှင်လုကာခရစ်ဝင် 14:33ခရစ်နှစ် 33 ခန့်
ထိုနည်းတူ၊ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။
- ရှင်လုကာခရစ်ဝင် 14:34ခရစ်နှစ် 33 ခန့်
ဆားမူကား ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရ ပြန်မည်နည်း။
- ရှင်လုကာခရစ်ဝင် 14:35ခရစ်နှစ် 33 ခန့်
မြေဘို့မကောင်း၊ အမှိုက်ပုံဘို့ မကောင်း၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 15:1ခရစ်နှစ် 33 ခန့်
အခွန်ခံသော သူတို့နှင့်ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှါ အထံတော်သို့ ချဉ်းကပ်သည် ဖြစ်၍၊
- ရှင်လုကာခရစ်ဝင် 15:2ခရစ်နှစ် 33 ခန့်
ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က၊ ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။
- ရှင်လုကာခရစ်ဝင် 15:3ခရစ်နှစ် 33 ခန့်
ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ သိုးတရာရှိ၍၊
- ရှင်လုကာခရစ်ဝင် 15:4ခရစ်နှစ် 33 ခန့်
သိုးတကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုး တကောင်ကို မတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။
- ရှင်လုကာခရစ်ဝင် 15:5ခရစ်နှစ် 33 ခန့်
တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊
- ရှင်လုကာခရစ်ဝင် 15:6ခရစ်နှစ် 33 ခန့်
မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။