အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်ယောဟန်ခရစ်ဝင် 9:5ခရစ်နှစ် 33 ခန့်

    ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊

  2. ရှင်ယောဟန်ခရစ်ဝင် 9:6ခရစ်နှစ် 33 ခန့်

    မြေပေါ်မှာ ထွေး၍ တံထွေးနှင့်ရွှံ့လုပ်ပြီးမှ၊ ကန်းသောသူ၏မျက်စိကို ရွှံ့နှင့်လူး၍၊

  3. ရှင်ယောဟန်ခရစ်ဝင် 9:7ခရစ်နှစ် 33 ခန့်

    သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေ လွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ၏။

  4. ရှင်ယောဟန်ခရစ်ဝင် 9:8ခရစ်နှစ် 33 ခန့်

    သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဘူးသောသူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူမဟုတ်လောဟု ဆိုကြ၏။

  5. ရှင်ယောဟန်ခရစ်ဝင် 9:9ခရစ်နှစ် 33 ခန့်

    လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟုဆို၏။

  6. ရှင်ယောဟန်ခရစ်ဝင် 9:10ခရစ်နှစ် 33 ခန့်

    သူတို့ကလည်း၊ အဘယ်သို့သင်၏မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင်၊

  7. ရှင်ယောဟန်ခရစ်ဝင် 9:11ခရစ်နှစ် 33 ခန့်

    ထိုသူက၊ ယေရှုအမည်ရှိသော သူတယောက်သည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင် ရေကန်သို့သွား၍ မျက်စိကိုဆေးလောဟုဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။

  8. ရှင်ယောဟန်ခရစ်ဝင် 9:12ခရစ်နှစ် 33 ခန့်

    လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။

  9. ရှင်ယောဟန်ခရစ်ဝင် 9:13ခရစ်နှစ် 33 ခန့်

    လူများသည် မျက်စိကန်းဘူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ၏။

  10. ရှင်ယောဟန်ခရစ်ဝင် 9:14ခရစ်နှစ် 33 ခန့်

    ယေရှုသည် ရွှံ့လုပ်၍ သူ၏မျက်စိကို ပွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။

  11. ရှင်ယောဟန်ခရစ်ဝင် 9:15ခရစ်နှစ် 33 ခန့်

    တဖန်ဖာရိရှဲတို့က၊ အဘယ်သို့သင်၏မျက်စိမြင်သနည်းဟုမေးပြန်လျှင်၊ အကျွန်ုပ်မျက်စိ၌သူသည် ရွှံ့ ကိုထည့်၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။

  12. ရှင်ယောဟန်ခရစ်ဝင် 9:16ခရစ်နှစ် 33 ခန့်

    ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်ဟု ဆိုကြ ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်မည်နည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်းမသင့် ကွဲပြားခြင်းသို့ရောက်၏။

  13. ရှင်ယောဟန်ခရစ်ဝင် 9:17ခရစ်နှစ် 33 ခန့်

    တဖန်မျက်စိကန်းဘူးသောသူအား၊ သင်၏မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သောသူဖြစ် သနည်း ဟု မေးကြလျှင်၊ ပရောဖက်ဖြစ်သည်ဟုဆို၏။

  14. ရှင်ယောဟန်ခရစ်ဝင် 9:18ခရစ်နှစ် 33 ခန့်

    ထိုသူသည် အထက်မျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏ မိဘကိုခေါ်၍၊

  15. ရှင်ယောဟန်ခရစ်ဝင် 9:19ခရစ်နှစ် 33 ခန့်

    ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏ သားမှန်လော။ သို့မှန်လျှင် အဘယ်သို့ယခုမျက်စိမြင်သနည်းဟု မေးကြ၏။

  16. ရှင်ယောဟန်ခရစ်ဝင် 9:20ခရစ်နှစ် 33 ခန့်

    မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏ သားမှန်သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို၎င်း၊ အကျွန်ုပ်တို့ သိကြပါ၏။

  17. ရှင်ယောဟန်ခရစ်ဝင် 9:21ခရစ်နှစ် 33 ခန့်

    အဘယ်ကြောင့် မျက်စိမြင်သည်ကို၎င်း၊ အဘယ်သူသည်သူ၏ မျက်စိကိုဖွင့်သည်ကို၎င်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်ရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည်ကိုယ်အကြောင်းကို ကိုယ် တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။

  18. ရှင်ယောဟန်ခရစ်ဝင် 9:22ခရစ်နှစ် 33 ခန့်

    ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရား စရပ်မှနှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်ကြနှင့်ပြီ။

  19. ရှင်ယောဟန်ခရစ်ဝင် 9:23ခရစ်နှစ် 33 ခန့်

    ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။

  20. ရှင်ယောဟန်ခရစ်ဝင် 9:24ခရစ်နှစ် 33 ခန့်

    ထိုကြောင့်၊ မျက်စိကန်းဘူသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟုဆိုကြလျှင်၊

  21. ရှင်ယောဟန်ခရစ်ဝင် 9:25ခရစ်နှစ် 33 ခန့်

    လူဆိုးဖြစ်သည်မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင် သည်အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို၏။

  22. ရှင်ယောဟန်ခရစ်ဝင် 9:26ခရစ်နှစ် 33 ခန့်

    တဖန်သူတို့က၊ သူသည်သင်တို့၌ အဘယ်သို့ပြုသနည်း။ သင်၏ မျက်စိကိုအဘယ်သို့ ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ်တခါပြောပြီ၊ သင်တို့နားမကြားကြ။

  23. ရှင်ယောဟန်ခရစ်ဝင် 9:27ခရစ်နှစ် 33 ခန့်

    အဘယ်ကြောင့် တဖန်ကြားချင်သနည်း။ သူ့တပည့် ဖြစ်ချင်သလောဟု ဆိုကြ၏။

  24. ရှင်ယောဟန်ခရစ်ဝင် 9:28ခရစ်နှစ် 33 ခန့်

    ထိုသူတို့ကလည်း၊ သင်သည်သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှ၏တပည့်ဖြစ်ကြ၏။

  25. ရှင်ယောဟန်ခရစ်ဝင် 9:29ခရစ်နှစ် 33 ခန့်

    ဘုရားသခင်သည်မောရှ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို အသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊