- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1380–1050 BC
The Judges & Ruth
Israel cycles through rebellion, oppression, and rescue under charismatic leaders—culminating in Ruth's faithful love story.
ဤကာလမှ အခန်းငယ်များ
- တရားသူကြီးမှတ်စာ 20:31ခရစ်တော် မပေါ်မီ 1406 ခန့်
ဗင်္ယာမိန် အမျိုးသားတို့သည် အတိုက်ထွက်၍ မြို့နှင့်ကွာသွားကြ၏။ ဗေသလမြို့သို့ သွားသောလမ်း၊ ဂိဗာတောရွာသို့ သွားသောလမ်းတွင် ယမန်ကဲ့သို့ ဣသရေအလအမျိုးသူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
- တရားသူကြီးမှတ်စာ 20:32ခရစ်တော် မပေါ်မီ 1406 ခန့်
ဗင်္ယာမိန်အမျိုးသားတို့က၊ သူတို့သည် ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုသော်လည်း၊ ဣသရေလ အမျိုးသားတို့က ပြေးကြကုန်အံ့၊ သူတို့ကို မြို့နှင့်ဝေးသော လမ်းတို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆိုလျက်၊
- တရားသူကြီးမှတ်စာ 20:33ခရစ်တော် မပေါ်မီ 1406 ခန့်
ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာအရပ်မှထ၍ ဗာလတာမာမြို့၌ စစ်ခင်းကြ၏။ ကင်း စောင့်လျက်နေသော ဣသရေလလူတို့သည်လည်း မိမိတို့နေရာ ဂိဗာလွင်ပြင်မှ ထကြသဖြင့်၊
- တရားသူကြီးမှတ်စာ 20:34ခရစ်တော် မပေါ်မီ 1406 ခန့်
ဣသရေလအမျိုးသား ယောက်ျားကောင်း တသောင်းတို့သည် ဂိဗာမြို့သို့ ချီလာ၍၊ ဗင်္ယာမိန် အမျိုး သားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့်၊ ကျပ်တည်းစွာ ဆီး၍ တိုက်ကြ၏။
- တရားသူကြီးမှတ်စာ 20:35ခရစ်တော် မပေါ်မီ 1406 ခန့်
ထိုအခါ ထာဝရဘုရားသည် ဗင်္ယာမိန်လူတို့ကို ဣသရေလလူတို့ရှေ့မှာ ရှုံးစေတော်မူသဖြင့်၊ ထို့နေ့ တွင် ဣသရေလ လူတို့သည် ထားလက်နက်စွဲကိုင်သော ဗင်္ယာမိန်လူနှစ်သောင်းငါးထောင်တရာ တို့ကို ပယ်ရှင်းကြ၏။
- တရားသူကြီးမှတ်စာ 20:36ခရစ်တော် မပေါ်မီ 1406 ခန့်
ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ ရှုံးသည်ကို သိမြင်ကြ၏။ ဣသရေလူတို့သည်၊ ဂိဗာမြို့အနား၌ ထားသော ကင်းတပ်ကို ကိုးစားသောကြောင့်၊ အစက ဗင်္ယာမိန်လူတို့ရှေ့မှာ ဆုတ်ကြ၏
- တရားသူကြီးမှတ်စာ 20:37ခရစ်တော် မပေါ်မီ 1406 ခန့်
ကင်းတပ်သားတို့သည် ဂိဗာမြို့သို့ တဟုန်တည်းပြေးဝင်၍ အနှံ့အပြား တိုက်သဖြင့် တမြို့လုံးကို ထားနှင့်လုပ်ကြံကြ၏။
- တရားသူကြီးမှတ်စာ 20:38ခရစ်တော် မပေါ်မီ 1406 ခန့်
မြို့ထဲမှာ ကြီးစွာသော မီးခိုးတက်စေရမည်အကြောင်း ဣသရေလလူတို့သည် ကင်းစောင့်လူတို့အား အကြံပေးနှင့်ကြပြီဖြစ်၍၊
- တရားသူကြီးမှတ်စာ 20:39ခရစ်တော် မပေါ်မီ 1406 ခန့်
ဣသရေလလူတို့သည် စစ်တိုက်ရာတွင် ဆုတ်သောအခါ၊ ဗင်္ယာမိန်လူတို့က၊ အကယ်၍ သူတို့သည် ယမန်စစ်ရှုံးသကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုလျက် သူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
- တရားသူကြီးမှတ်စာ 20:40ခရစ်တော် မပေါ်မီ 1406 ခန့်
တဖန် မီးလောင်၍ ထူထပ်သော မီးခိုးသည် မြို့ထဲမှာ တက်စရှိသောအခါ၊ ဗင်္ယာမိန်လူတို့သည် ပြန်ကြည့်၍ မြို့ကိုလောင်သော မီးလျှံသည် မိုဃ်းကောင်းကင်သို့ တက်သည်ကို မြင်ကြ၍၊
- တရားသူကြီးမှတ်စာ 20:41ခရစ်တော် မပေါ်မီ 1406 ခန့်
ဣသရေလလူတို့သည် လှည့်၍ ပြန်သောအခါ၊ ဗင်္ယာမိန်လူတို့သည် ဘေးရောက်ကြောင်းကို သိမြင်လျှင်၊-
- တရားသူကြီးမှတ်စာ 20:42ခရစ်တော် မပေါ်မီ 1406 ခန့်
မိန်းမောတွေဝေ၍ ဣသရေလလူတို့ရှေ့မှာ တောလမ်းသို့ ပြေးသော်လည်း၊ စစ်တိုက်လိုက်လာ သော သူတို့သည် မှီသဖြင့် ပြေးသော သူတို့ကို၎င်း၊ မြို့ရွာများထဲက ထွက်လာသောသူတို့ကို၎င်း၊ တပြိုင်နက်ဖျက်ဆီးကြ၏။
- တရားသူကြီးမှတ်စာ 20:43ခရစ်တော် မပေါ်မီ 1406 ခန့်
ဗင်္ယာမိန်လူတို့ကို ဝိုင်းလျက်လိုက်လျက်၊ နုခါရွာမှစ၍ နေထွက်ရာဘက်၊ ဂိဗာမြို့အနားတိုင်အောင် နှိပ်နင်းကြ၏။
- တရားသူကြီးမှတ်စာ 20:44ခရစ်တော် မပေါ်မီ 1406 ခန့်
ထိုအခါ ဗင်္ယာမိန်သူရဲ တသောင်းရှစ်ထောင်တို့သည် လဲ၍ သေကြ၏။
- တရားသူကြီးမှတ်စာ 20:45ခရစ်တော် မပေါ်မီ 1406 ခန့်
ကြွင်းသော သူတို့သည် လှည့်၍ တောအရပ် ရိမ္မုန်ကျောက်သို့ ပြေးကြစဉ်တွင်၊ လိုက်သော သူတို့သည် လူငါးထောင်တို့ကို လမ်းမှာဖမ်းမိကြ၏။ ဂိဒုံမြို့တိုင်အောင် အပြင်းလိုက်၍ လူနှစ်ထောင်တို့ကိုလည်း သတ်ကြ၏။
- တရားသူကြီးမှတ်စာ 20:46ခရစ်တော် မပေါ်မီ 1406 ခန့်
ထိုနေ့တွင် လဲ၍ သေသော ဗင်္ယာမိန် ထားစွဲသူရဲတို့ အရေအတွက်ကား၊ နှစ်သောင်းငါးထောင်တည်း။
- တရားသူကြီးမှတ်စာ 20:47ခရစ်တော် မပေါ်မီ 1406 ခန့်
လူခြောက်ရာတို့သည် လှည့်၍ တောအရပ်ရိမ္မုန်ကျောက်ကို မှီအောင်ပြေးသဖြင့်၊ ထိုကျောက် အောက်မှာ လေးလနေကြ၏။
- တရားသူကြီးမှတ်စာ 20:48ခရစ်တော် မပေါ်မီ 1406 ခန့်
ဣသရေလလူတို့သည် တဖန် လှည့်၍၊ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်လျက် မြို့ရွာ၌ ရှိသောလူ၊ တိရစ္ဆာန်တွေ့သမျှတို့ကို ထားနှင့်လုပ်ကြံ၍၊ တွေ့သမျှသော မြို့ရွာတို့ကို မီးရှို့ကြ၏။
- တရားသူကြီးမှတ်စာ 21:1ခရစ်တော် မပေါ်မီ 1406 ခန့်
ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား၌ မပေးစားရမည် အကြောင်း၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
- တရားသူကြီးမှတ်စာ 21:2ခရစ်တော် မပေါ်မီ 1406 ခန့်
လူများတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ၍ ဘုရားသခင့် ရှေ့တော်၌ ညဦးတိုင်အောင် နေလျက်၊ အသံကို လွှင့်၍ ငိုကြွေးလျက်၊-
- တရားသူကြီးမှတ်စာ 21:3ခရစ်တော် မပေါ်မီ 1406 ခန့်
အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တမျိုး ချို့တဲ့ရသော အမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ၏။
- တရားသူကြီးမှတ်စာ 21:4ခရစ်တော် မပေါ်မီ 1406 ခန့်
နက်ဖြန်နံနက်စောစော လူများတို့သည် ထပြီးလျှင်၊ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။
- တရားသူကြီးမှတ်စာ 21:5ခရစ်တော် မပေါ်မီ 1406 ခန့်
ဣသရေလအမျိုးသားတို့ကလည်း၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိ သတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်း မူကား၊ မိဇပါမြို့ထာဝရဘုရားထံတော်သို့ မလာဘဲ နေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကို ခံစေဟု ကြီးစွာသော ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
- တရားသူကြီးမှတ်စာ 21:6ခရစ်တော် မပေါ်မီ 1406 ခန့်
ဣသရေလအမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလ အမျိုးအနွယ် တို့တွင် ယနေ့တမျိုးဆုံးပြီ။
- တရားသူကြီးမှတ်စာ 21:7ခရစ်တော် မပေါ်မီ 1406 ခန့်
ငါတို့သည် ကိုယ်သမီးကို သူတို့အား မပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊