အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 42:5ခရစ်တော် မပေါ်မီ 588 ခန့်

    သူတို့ကလည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထားတော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု၊ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၌ မှန်ကန်၍ သစ္စာစောင့် သော သက်သေဖြစ်တော်မူစေသတည်း။

  2. ယေရမိအနာဂတ္တိကျမ်း 42:6ခရစ်တော် မပေါ်မီ 588 ခန့်

    အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်သောအခါ ချမ်းသာရပါမည်အကြောင်း၊ အကျွန်ုပ်တို့သည်။ ကိုယ်တော်ကိုစေလွှတ်ရာ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်သည်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နားထောင်ပါမည်ဟု ယေရမိအား ပြောဆိုကြ၏။

  3. ယေရမိအနာဂတ္တိကျမ်း 42:7ခရစ်တော် မပေါ်မီ 588 ခန့်

    ထိုနောက် ဆယ်ရက်ကြာသောအခါ၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လျှင်၊

  4. ယေရမိအနာဂတ္တိကျမ်း 42:8ခရစ်တော် မပေါ်မီ 588 ခန့်

    ယေရမိသည် ကာရာသား ယောဟနန်မှစ၍၊ သူ၌ပါသမျှသော တပ်မှူးတို့နှင့် လူအကြီး၊ အငယ် အပေါင်းတို့ကိုခေါ်၍၊

  5. ယေရမိအနာဂတ္တိကျမ်း 42:9ခရစ်တော် မပေါ်မီ 588 ခန့်

    သင်တို့သည် ငါ့ကိုစေလွှတ်၍ အသနားတော် ခံသော ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊

  6. ယေရမိအနာဂတ္တိကျမ်း 42:10ခရစ်တော် မပေါ်မီ 588 ခန့်

    အကယ်စင်စစ်သင်တို့သည် ဤပြည်၌နေလျှင်၊ ငါသည်သင်တို့ကို မဖြိုမဖျက်၊ တည်ဆောက်မည်။ သင် တို့ကိုမနှုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ ရောက်စေ သော ဘေးဒဏ်ကြောင့် နောင်တရ၏။

  7. ယေရမိအနာဂတ္တိကျမ်း 42:11ခရစ်တော် မပေါ်မီ 588 ခန့်

    သင်တို့ကြောက်တတ်သော ဗာဗုလုန်ရှင်ဘုရင် ကို မကြောက်ကြနှင့်။ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့်။ ငါသည် သင်တို့ကို ကယ်တင်၍၊ ထိုမင်းလက်မှနှုတ်ယူခြင်းငှါ သင်တို့ဘက်၌ ရှိ၏။

  8. ယေရမိအနာဂတ္တိကျမ်း 42:12ခရစ်တော် မပေါ်မီ 588 ခန့်

    သင်တို့ကို ငါကယ်မသနားသောအားဖြင့်၊ ထိုရှင်ဘုရင်သည် သင်တို့ကို သနား၍၊ နေရင်းပြည်သို့ ပြန်စေရလိမ့်မည်။

  9. ယေရမိအနာဂတ္တိကျမ်း 42:13ခရစ်တော် မပေါ်မီ 588 ခန့်

    သို့မဟုတ်၊ သင်တို့က၊ငါတို့သည်ဤပြည်၌မနေ၊ ငါတို့ဘုရား သခင်ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊

  10. ယေရမိအနာဂတ္တိကျမ်း 42:14ခရစ်တော် မပေါ်မီ 588 ခန့်

    စစ်မှုကိုမတွေ့မမြင်၊ တံပိုးမှုတ်သံကို မကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုပြည်သို့သွား၍ နေမည်ဟု ဆိုလျှင်၊

  11. ယေရမိအနာဂတ္တိကျမ်း 42:15ခရစ်တော် မပေါ်မီ 588 ခန့်

    ကျန်ကြွင်းသော ယုဒအမျိုးသားတို့၊ ထာဝရ ဘုရား၏အမိန့်တော်ကို ကြားကြလော့။ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အဲဂုတ္တုပြည်သို့ သွားခြင်းငှါ ကျပ်ကျပ်မျက်နှာပြုလျက်၊ ထိုပြည်သို့အမှန်သွား၍ တည်းခိုလျှင်၊

  12. ယေရမိအနာဂတ္တိကျမ်း 42:16ခရစ်တော် မပေါ်မီ 588 ခန့်

    သင်တို့ကြောက်သော ထားဘေးသည် အဲဂုတ္တု ပြည်၌ သင်တို့ကို မှီလိမ့်မည်။ သင်တို့ကြောက်သော မွတ်သိပ်ခြင်းဘေးသည်လည်း၊ အဲဂုတ္တုပြည်၌ သင်တို့ကို ကျပ်ကျပ်လိုက်၍၊ ထိုပြည်၌သင်တို့သည် သေကြလိမ့် မည်။

  13. ယေရမိအနာဂတ္တိကျမ်း 42:17ခရစ်တော် မပေါ်မီ 588 ခန့်

    အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသောသူအပေါင်းတို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ဖြင့် သေကြလိမ့်မည်။ သူတို့ အပေါ်သို့ငါရောက်စေသောဘေးဒဏ်နှင့် တယောက်မျှ မလွတ်ရ။ ကျန်ကြွင်းသောသူ တယောက်မျှမရှိရ။

  14. ယေရမိအနာဂတ္တိကျမ်း 42:18ခရစ်တော် မပေါ်မီ 588 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယေရု ရှလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို ငါသွန်း လောင်းသည်နည်းတူ၊ သင်တို့သည် အဲဂုတ္တုပြည်သို့ ဝင်သောအခါ၊ သင်တို့အပေါ်သို့ သွန်းလောင်းသဖြင့်၊ သင်တို့သည် ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည်။ ဤအရပ်ကို နောက် တဖန်မမြင်ရ။

  15. ယေရမိအနာဂတ္တိကျမ်း 42:19ခရစ်တော် မပေါ်မီ 588 ခန့်

    ကျန်ကြွင်းသောယုဒအမျိုးသားတို့၊ အဲဂုတ္တု ပြည်သို့ မသွားကြနှင့်ဟု သင်တို့အား ထာဝရဘုရား အမိန့်တော်ရှိ၏။ ငါသည်သင်တို့ကို ယနေ့သက်သေ ခံကြောင်းကို သိမှတ်ကြလော့။

  16. ယေရမိအနာဂတ္တိကျမ်း 42:20ခရစ်တော် မပေါ်မီ 588 ခန့်

    အကယ်စင်စစ်သင်တို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားအား အကျွန်ုပ်တို့အဘို့ ဆုတောင်းပါလော့။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှတို့ကို ကြားပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင်ပါ မည်ဟုဆို၍၊ ငါ့ကိုသင်တို့၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ စေလွှတ်သောအခါ၊ ကိုယ်စိတ်ကိုကိုယ် လှည့်စားကြပြီ။

  17. ယေရမိအနာဂတ္တိကျမ်း 42:21ခရစ်တော် မပေါ်မီ 588 ခန့်

    ငါသည်သင်တို့အား ယနေ့ကြားပြော၏။ သင်တို့ မူကား၊ သင်တို့ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော် ကို၎င်း၊ ငါ့အားဖြင့် မှာလိုက်တော်မူသမျှတို့ကို၎င်း၊ နားမထောင်ဘဲနေကြ၏။

  18. ယေရမိအနာဂတ္တိကျမ်း 42:22ခရစ်တော် မပေါ်မီ 588 ခန့်

    ထိုကြောင့် သင်တို့သည် သွား၍ တည်းခိုချင် သော အရပ်၌ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် သေကြလိမ့်မည်အကြောင်းကို အမှန်သိမှတ် ကြလော့ဟု ယေရမိသည် ပြန်ပြောလေ၏။

  19. ယေရမိအနာဂတ္တိကျမ်း 43:1ခရစ်တော် မပေါ်မီ 588 ခန့်

    ထိုလူများတို့၏ ဘုရားသခင်ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့ အားအကုန်အစင်ကြားပြော သည်ရှိသော်၊

  20. ယေရမိအနာဂတ္တိကျမ်း 43:2ခရစ်တော် မပေါ်မီ 588 ခန့်

    ဟောရှဲသားအာဇရိနှင့် ကာရာသား ယေဟ နန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသာစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။

  21. ယေရမိအနာဂတ္တိကျမ်း 43:3ခရစ်တော် မပေါ်မီ 588 ခန့်

    ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန် မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှါ၊ နေရိသားဗာရုတ် သည်သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊

  22. ယေရမိအနာဂတ္တိကျမ်း 43:4ခရစ်တော် မပေါ်မီ 588 ခန့်

    ကာရာသားယောဟနန်အစရှိသော တပ်မှူး များနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည် ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊

  23. ယေရမိအနာဂတ္တိကျမ်း 43:5ခရစ်တော် မပေါ်မီ 588 ခန့်

    အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှါ၊

  24. ယေရမိအနာဂတ္တိကျမ်း 43:6ခရစ်တော် မပေါ်မီ 588 ခန့်

    ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိ၌အပ်သော လူအပေါင်းတို့ကို၎င်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကို၎င်း၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊

  25. ယေရမိအနာဂတ္တိကျမ်း 43:7ခရစ်တော် မပေါ်မီ 588 ခန့်

    ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့ သွား၍တာပနက်မြို့သို့ ရောက်ကြ၏။