အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 10:4ခရစ်တော် မပေါ်မီ 607 ခန့်

    ရွှေငွေနှင့် လှပစွာ ချယ်လှယ်ပြီးလျှင်၊ မလှုပ်ရှား စေခြင်းငှါ သံချွန်ကို တူနှင့်ရိုက်ထားကြ၏။

  2. ယေရမိအနာဂတ္တိကျမ်း 10:5ခရစ်တော် မပေါ်မီ 607 ခန့်

    သူသည် စွန်ပလွံပင်ကဲ့သို့ ခိုင်မာ၍ စကား မပြောတတ်။ မိမိအလိုအလျောက် မသွားနိုင်သော ကြောင့်၊ ထမ်း၍သွားရ၏။ ထိုအရာတို့ကို မကြောက်ကြ နှင့်။ အန္တရာယ်ကိုမပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင်။

  3. ယေရမိအနာဂတ္တိကျမ်း 10:6ခရစ်တော် မပေါ်မီ 607 ခန့်

    အိုထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော် သည်လည်း၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။

  4. ယေရမိအနာဂတ္တိကျမ်း 10:7ခရစ်တော် မပေါ်မီ 607 ခန့်

    အိုလူအမျိုးမျိုးတို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌၎င်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌၎င်း ကိုယ်တော်နှင့် တူသောသူတစုံတယောက်မျှ မရှိပါ။

  5. ယေရမိအနာဂတ္တိကျမ်း 10:8ခရစ်တော် မပေါ်မီ 607 ခန့်

    သူတို့သည် တလုံးတဝတည်း တိရစ္ဆာန်သဘော နှင့် မိုက်သော သဘောရှိကြ၏။ သစ်သားသော်လည်း မိုက်သောအယူကို ဆုံးမတတ်၏။

  6. ယေရမိအနာဂတ္တိကျမ်း 10:9ခရစ်တော် မပေါ်မီ 607 ခန့်

    ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာ ငွေပြားကို တာရှုမြို့မှ၎င်း၊ ရွှေကိုလည်း ဥဖတ်မြို့မှ၎င်း ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည်နှင့်ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း။

  7. ယေရမိအနာဂတ္တိကျမ်း 10:10ခရစ်တော် မပေါ်မီ 607 ခန့်

    ထာဝရဘုရားမူကား၊ မှန်သောဘုရား၊ အသက် ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုး တို့သည် အမျက်တော်ကို မခံနိုင်ကြ။

  8. ယေရမိအနာဂတ္တိကျမ်း 10:11ခရစ်တော် မပေါ်မီ 607 ခန့်

    သာသနာပ လူတို့အား ပြောရသော စကားဟူမူကား၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်း သော ဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက်ကြလိမ့်မည်။

  9. ယေရမိအနာဂတ္တိကျမ်း 10:12ခရစ်တော် မပေါ်မီ 607 ခန့်

    ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဉာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။

  10. ယေရမိအနာဂတ္တိကျမ်း 10:13ခရစ်တော် မပေါ်မီ 607 ခန့်

    အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုဃ်းတိမ်ကို တက် စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေတော် မူ၏။ လေကိုလည်း၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော် မူ၏။

  11. ယေရမိအနာဂတ္တိကျမ်း 10:14ခရစ်တော် မပေါ်မီ 607 ခန့်

    လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။

  12. ယေရမိအနာဂတ္တိကျမ်း 10:15ခရစ်တော် မပေါ်မီ 607 ခန့်

    ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ လှည့်စားသောအရာလည်းဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ၌ ကွယ်ပျောက်ကြ လိမ့်မည်။

  13. ယေရမိအနာဂတ္တိကျမ်း 10:16ခရစ်တော် မပေါ်မီ 607 ခန့်

    ယာကုပ်အမျိုး၏အဘို့သည် ထိုသို့သောအရာ နှင့် တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။

  14. ယေရမိအနာဂတ္တိကျမ်း 10:17ခရစ်တော် မပေါ်မီ 600 ခန့်

    အိုရဲတိုက်၌နေသောသူ၊ မြေပေါ်မှာရှိသော သင်၏ဥစ္စာပရိကံများကို စုသိမ်းလော့။

  15. ယေရမိအနာဂတ္တိကျမ်း 10:18ခရစ်တော် မပေါ်မီ 600 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုပင် ငါသည်လောက် လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သားများကို လောက်လွှဲထဲကပစ်၍၊ ရန်သူတို့ လက်သို့ရောက်စေခြင်း ငှါ ညှဉ်းဆဲမည်ဟု မိန့်တော်မူ၏။

  16. ယေရမိအနာဂတ္တိကျမ်း 10:19ခရစ်တော် မပေါ်မီ 600 ခန့်

    ငါသည် ချိုးဖျက်ခြင်းကိုခံရသောကြောင့် အမင်္ဂလာရှိ၏။ ငါ့အနာ ပြင်းလှ၏။ သို့သော်လည်း၊ ငါတွေ့သော ဤဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို၏။

  17. ယေရမိအနာဂတ္တိကျမ်း 10:20ခရစ်တော် မပေါ်မီ 600 ခန့်

    ငါ့တဲလည်းပျက်၏။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ၏။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့တဲကို ဆောက်ရသောသူ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူမရှိ။

  18. ယေရမိအနာဂတ္တိကျမ်း 10:21ခရစ်တော် မပေါ်မီ 600 ခန့်

    အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန် သဘောရှိ၍၊ ထာဝရဘုရားကို မရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။

  19. ယေရမိအနာဂတ္တိကျမ်း 10:22ခရစ်တော် မပေါ်မီ 600 ခန့်

    အသံကိုကြားရ၏။ အနီးသို့လာ၏။ ယုဒမြို့တို့ကို ဖျက်ဆီး၍၊ မြေခွေးနေရာတွင် ဖြစ်စေခြင်းငှါ၊ ကြီးသော အသံဗလံသည် မြောက်မျက်နှာကလာ၏။

  20. ယေရမိအနာဂတ္တိကျမ်း 10:23ခရစ်တော် မပေါ်မီ 600 ခန့်

    အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါမိမိခြေရာတို့ကို မစီရင်တတ်သည် ကို အကျွန်ုပ်သိပါ၏။

  21. ယေရမိအနာဂတ္တိကျမ်း 10:24ခရစ်တော် မပေါ်မီ 600 ခန့်

    အို ထာဝရဘုရား၊ အကျွန်ုပ်ကို ဆုံးမတော်မူ လျှင်၊ အကျိုးနည်းစေခြင်းငှါ အမျက်ထွက်တော်မမူပါနှင့်။ တရားတော်အတိုင်းသာ ဆုံးမတော်မူပါ။

  22. ယေရမိအနာဂတ္တိကျမ်း 10:25ခရစ်တော် မပေါ်မီ 600 ခန့်

    ကိုယ်တော်ကိုမသိသော တပါးအမျိုးသားတို့ အပေါ်သို့၎င်း၊ နာမတော်ကို ပဌနာမပြုသော အမျိုး အနွယ်တို့အပေါ်သို့၎င်း အမျက်တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုး ကို အကုန်အစင်ကိုက်စား၍၊ သူ၏နေရာကို သုတ်သင် ပယ်ရှားကြပါပြီ။

  23. ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤပဋိညာဉ်စကားကို နားထောင်ကြလော့။

  24. ယေရမိအနာဂတ္တိကျမ်း 11:2ခရစ်တော် မပေါ်မီ 598 ခန့်

    သင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား တို့အား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည်စီးသောပြည်ကို ငါပေး မည်ဟု၊ သင်တို့၏ ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာ ဂတိကို စောင့်ရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားဖြစ်မည် အကြောင်း၊ ငါ့စကားကိုနားထောင်၍၊ ငါမှာထား သမျှအတိုင်း ကျင့်ကြလော့ဟု၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့၏ဘိုးဘေးများကို နှုတ်ဆောင် သောအခါ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကား ကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကို ခံစေ ဟု မိန့်တော်မူလျှင်၊ ငါက၊ အိုထာဝရဘုရား၊ အာမင်ဟု လျှောက်၏။

  25. ယေရမိအနာဂတ္တိကျမ်း 11:3ခရစ်တော် မပေါ်မီ 598 ခန့်

    သင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား တို့အား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည်စီးသောပြည်ကို ငါပေး မည်ဟု၊ သင်တို့၏ ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာ ဂတိကို စောင့်ရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားဖြစ်မည် အကြောင်း၊ ငါ့စကားကိုနားထောင်၍၊ ငါမှာထား သမျှအတိုင်း ကျင့်ကြလော့ဟု၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့၏ဘိုးဘေးများကို နှုတ်ဆောင် သောအခါ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကား ကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကို ခံစေ ဟု မိန့်တော်မူလျှင်၊ ငါက၊ အိုထာဝရဘုရား၊ အာမင်ဟု လျှောက်၏။