circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ယေရမိအနာဂတ္တိကျမ်း 11:4ခရစ်တော် မပေါ်မီ 598 ခန့်
သင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား တို့အား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည်စီးသောပြည်ကို ငါပေး မည်ဟု၊ သင်တို့၏ ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာ ဂတိကို စောင့်ရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားဖြစ်မည် အကြောင်း၊ ငါ့စကားကိုနားထောင်၍၊ ငါမှာထား သမျှအတိုင်း ကျင့်ကြလော့ဟု၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့၏ဘိုးဘေးများကို နှုတ်ဆောင် သောအခါ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကား ကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကို ခံစေ ဟု မိန့်တော်မူလျှင်၊ ငါက၊ အိုထာဝရဘုရား၊ အာမင်ဟု လျှောက်၏။
- ယေရမိအနာဂတ္တိကျမ်း 11:5ခရစ်တော် မပေါ်မီ 598 ခန့်
သင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား တို့အား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည်စီးသောပြည်ကို ငါပေး မည်ဟု၊ သင်တို့၏ ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာ ဂတိကို စောင့်ရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားဖြစ်မည် အကြောင်း၊ ငါ့စကားကိုနားထောင်၍၊ ငါမှာထား သမျှအတိုင်း ကျင့်ကြလော့ဟု၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့၏ဘိုးဘေးများကို နှုတ်ဆောင် သောအခါ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကား ကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကို ခံစေ ဟု မိန့်တော်မူလျှင်၊ ငါက၊ အိုထာဝရဘုရား၊ အာမင်ဟု လျှောက်၏။
- ယေရမိအနာဂတ္တိကျမ်း 11:6ခရစ်တော် မပေါ်မီ 598 ခန့်
ထာဝရဘုရားကလည်း၊ သင်သည် ယုဒမြို့များ နှင့် ယေရုရှလင် မြို့လမ်းများတို့၌ ဟစ်ကြော်ရမည်စကား ဟူမူကား၊ သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင် ၍ ကျင့်ကြလော့။
- ယေရမိအနာဂတ္တိကျမ်း 11:7ခရစ်တော် မပေါ်မီ 598 ခန့်
အကြောင်းမူကား၊ ငါ့စကားကို နားထောင် ကြလော့ဟု၊ သင်တို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနှုတ်ဆောင်သောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမသော်လည်း၊
- ယေရမိအနာဂတ္တိကျမ်း 11:8ခရစ်တော် မပေါ်မီ 598 ခန့်
သူတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ ဆိုးညစ်သော မိမိတို့ စိတ်နှလုံးခိုင်မာခြင်းရှိသည်အတိုင်း၊ တယောက်မျှ မကြွင်း၊ လိုက်သွားကြသောကြောင့်၊ ငါမှာ ထား၍၊ သူတို့မကျင့်သော ဤပဋိညာဉ်စကားအလုံးစုံ တို့ကို၊ သူတို့အပေါ်၌ ငါသက်ရောက်စေမည်ဟု မိန့်တော် မူ၏။
- ယေရမိအနာဂတ္တိကျမ်း 11:9ခရစ်တော် မပေါ်မီ 598 ခန့်
တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် သင်းဖွဲ့ကြ၏။
- ယေရမိအနာဂတ္တိကျမ်း 11:10ခရစ်တော် မပေါ်မီ 598 ခန့်
ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့၏ ဒုစရိုက်များကို ပြုအံ့သောငှါ ပြန်သွားကြပြီ။ အခြားတပါး သော ဘုရားတို့ကို ဝတ်ပြုအံ့သောငှါ လိုက်သွားကြပြီ။ သူတို့၏ ဘိုးဘေးများနှင့် ငါဖွဲ့သော ပဋိညာဉ်တရားကို ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဖျက်ကြပြီ။
- ယေရမိအနာဂတ္တိကျမ်း 11:11ခရစ်တော် မပေါ်မီ 598 ခန့်
သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့မလွတ် နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ်၌ ငါသက်ရောက်စေမည်။ သူတို့သည် ငါ့ကိုအော်ဟစ်သော် လည်း၊ ငါနားမထောင်ဘဲနေမည်။
- ယေရမိအနာဂတ္တိကျမ်း 11:12ခရစ်တော် မပေါ်မီ 598 ခန့်
ထိုအခါယုဒမြို့သူရွာသားနှင့် ယေရုရှလင် မြို့သားတို့သည် နံ့သာပေါင်းကို မီးရှို့၍၊ ပူဇော်ဘူးသော ဘုရားများထံသို့သွား၍ အော်ဟစ်သော်လည်း၊ ဘေး ရောက်ရာကာလ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာ မပေးဘဲနေကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 11:13ခရစ်တော် မပေါ်မီ 598 ခန့်
အိုယုဒပြည်၊ သင်သည်မြို့များအရေအတွက် ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။ ယေရုရှလင်မြို့လမ်းများ အရေ အတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်း ရှို့ရာယဇ်ပလ္လင်များကို တည်ကြပြီ။
- ယေရမိအနာဂတ္တိကျမ်း 11:14ခရစ်တော် မပေါ်မီ 598 ခန့်
သို့ဖြစ်၍ သင်သည်ဤလူမျိုးအဘို့ ပဌနာမပြု နှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ဘေးရောက်သည်ကာလ၊ သူတို့ အော်ဟစ်သော စကားကို ငါနားမထောင်။
- ယေရမိအနာဂတ္တိကျမ်း 11:15ခရစ်တော် မပေါ်မီ 598 ခန့်
ငါချစ်သောအစ်မသည် များစွာသော သူတို့နှင့် မတရားသဖြင့် ပေါင်းဘော်၍၊ ဆိုးညစ်စဉ်တွင်၊ ငါ့အိမ် နှင့်အဘယ်သို့ဆိုင်သနည်း။ သင်သည် သန့်ရှင်းသော အမဲသားကို မပူဇော်ရ။ ဒုစရိုက်ကို ပြုစဉ်တွင်ပင်၊ ဝမ်းမြောက်ပါသည်တကား၊
- ယေရမိအနာဂတ္တိကျမ်း 11:16ခရစ်တော် မပေါ်မီ 598 ခန့်
စိမ်းလန်းလှပ၍ ကောင်းသော အသီးကို သီးသောသံလွင်ပင်ဟု၊ သင့်ကို ထာဝရဘုရား သမုတ် တော်မူ၏။ ကြီးသော အသံဗလံနှင့် ထိုအပင်ကို မီးရှို့ တော်မူ၍၊ အခက်အလက်တို့သည် ကျွမ်းလောင်ကြ၏။
- ယေရမိအနာဂတ္တိကျမ်း 11:17ခရစ်တော် မပေါ်မီ 598 ခန့်
ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလ ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့၍၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ မိမိတို့အဘို့ မကောင်းသောအမှုကို ပြုသောကြောင့်၊ သင့်ကိုစိုက်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ သင်၌အမှုရောက် မည် အကြောင်းမိန့်တော်မူပြီ။
- ယေရမိအနာဂတ္တိကျမ်း 11:18ခရစ်တော် မပေါ်မီ 598 ခန့်
ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော် မူသောကြောင့် ငါသိရ၏။ သူတို့ပြုသော အမှုများကို ကိုယ်တော်သည် ပြတော်မူပြီ။
- ယေရမိအနာဂတ္တိကျမ်း 11:19ခရစ်တော် မပေါ်မီ 598 ခန့်
အသေသတ်ခြင်းငှါ ဆောင်သွားသော သိုး သငယ်ယဉ်ကဲ့သို့ ငါဖြစ်၏။ သူတို့က၊ သူ၏နာမကို ရှင်းရှင်းပျောက်စေခြင်းငှါ၊ အသီးအကင်းနှင့်တကွ အပင်ကို ရှင်းရှင်းဖျက်၍၊ အသက်ရှင်သောသူတို့၏ နေရာမှ သူ့ကိုပယ်ဖြတ်ကြကုန်အံ့ဟု၊ ငါ့တဘက်၌ မကောင်းသော အကြံနှင့် ကြံစည်ကြောင်းကို ငါမသိ။
- ယေရမိအနာဂတ္တိကျမ်း 11:20ခရစ်တော် မပေါ်မီ 598 ခန့်
နှလုံးကျောက်ကပ်ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၊ ကိုယ်တော်သည် ထိုသူတို့အား အပြစ်ပေးတော် မူကြောင်းကို အကျွန်ုပ်မြင်လိုပါ၏။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။
- ယေရမိအနာဂတ္တိကျမ်း 11:21ခရစ်တော် မပေါ်မီ 598 ခန့်
ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာနသုတ် မြို့သားတို့က၊ သင်သည် ငါတို့လက်ဖြင့် မသေရမည် အကြောင်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်ဟုဆိုလျက်၊ သင်၏အသက်ကို ရှာကြ သောကြောင့်၊
- ယေရမိအနာဂတ္တိကျမ်း 11:22ခရစ်တော် မပေါ်မီ 598 ခန့်
ငါသည်သူတို့ကို စစ်ကြောသဖြင့်၊ လူပျိုတို့သည် ထားဖြင့်သေကြလိမ့်မည်။ သားသမီးတို့သည် ငတ်မွတ်၍ သေကြလိမ့်မည်။
- ယေရမိအနာဂတ္တိကျမ်း 11:23ခရစ်တော် မပေါ်မီ 598 ခန့်
တစုံတယောက်မျှ မကြွင်းရ။ ထိုသို့စစ်ကြောရာ ကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သား တို့အပေါ်သို့ ငါသက်ရောက်စေမည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကို ဆွေးနွှေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင်တော်မူ ခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသော သူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါ သနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။
ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ ကြီးပွါးလျက် အသီးကို သီးကြ ပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး၍ နှလုံးနှင့် ဝေးတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြောတော်မူပြီ။ သိုးတို့ကို ထုတ်သကဲ့သို့၊ ထိုမတရားသော သူတို့ကို အသေသတ်ခြင်းငှါ ဆွဲထုတ် တော်မူပါ။ သတ်ရသောနေ့အဘို့ ပြင်ဆင်တော်မူပါ။
ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့်၊ ပြည်သည် အဘယ်မျှကာလပတ်လုံး မြည်တမ်းရပါအံ့ နည်း။ အရပ်ရပ်တို့၌ရှိသော မြက်ပင်သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း။ ငါတို့ခံရသော အကျိုးအပြစ်ကို ဘုရားသခင်မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့်၊ သားများနှင့် ငှက်များတို့သည် ပျောက် ပျက်ကြပါပြီ။
သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး၍ မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ်စွာ နေရသောပြည်၌ မောလျှင်၊ ယော်ဒန်မြစ်၏ ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း။