အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေရှာယအနာဂတ္တိကျမ်း 59:5ခရစ်တော် မပေါ်မီ 698 ခန့်

    သူတို့သည် မြွေဆိုး၏ အဥတို့ကို ဝပ်၍ ပေါက် စေကြ၏။ ပင့်ကူအမြှေးကိုလည်း ရက်ကြ၏။ သူတို့ ဥများ ကို စားသော သူသည် သေတတ်၏။ အဥကို ခွဲလျှင် မြွေဆိုးပေါက်တတ်၏။

  2. ဟေရှာယအနာဂတ္တိကျမ်း 59:6ခရစ်တော် မပေါ်မီ 698 ခန့်

    သူတို့ရက်သော အမြှေးဖြင့် အဝတ်ကို မလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကိုမခြုံရကြ။ သူတို့ပြုသော အမှု သည် အဓမ္မအမှုဖြစ်၏။ သူတို့လက်၌ ကြမ်းတမ်းသော အမှုရှိ၏။

  3. ဟေရှာယအနာဂတ္တိကျမ်း 59:7ခရစ်တော် မပေါ်မီ 698 ခန့်

    သူတို့ခြေသည် အဓမ္မအမှုကို ပြုခြင်းငှါ ပြေး တတ်၏။ အပြစ်မရှိသော သူ၏အသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့ သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်း ရှိ၏။

  4. ဟေရှာယအနာဂတ္တိကျမ်း 59:8ခရစ်တော် မပေါ်မီ 698 ခန့်

    ချမ်းသာလမ်းကို သူတို့မသိကြ။ သူတို့ခရီးသွား ရာတွင် တရားမပါ။ မိမိတို့သွားစရာဘို့ ကောက်သော လမ်းတို့ကို ပြင်ဆင်ကြပြီ။ လိုက်သွားသော သူမည်သည် ကား၊ ချမ်းသာကို မသိရ။

  5. ဟေရှာယအနာဂတ္တိကျမ်း 59:9ခရစ်တော် မပေါ်မီ 698 ခန့်

    ထို့ကြောင့်၊ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါ တို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမှီ။ အလင်းကို မြော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကို မြော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။

  6. ဟေရှာယအနာဂတ္တိကျမ်း 59:10ခရစ်တော် မပေါ်မီ 698 ခန့်

    မမြင်နိုင်သော သူကဲ့သို့ နံရံကို စမ်းသပ်ရကြ၏။ မျက်စိမရှိသော သူကဲ့သို့ စမ်းသပ်ရကြ၏။ ညအချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန်၌ ထိမိ၍ လဲကြ၏။ စည်းစိမ် ကို ခံစားလျက်၊ သေသောသူကဲ့သို့ ဖြစ်ကြ၏။

  7. ဟေရှာယအနာဂတ္တိကျမ်း 59:11ခရစ်တော် မပေါ်မီ 698 ခန့်

    ငါတို့ရှိသမျှသည် ဝံကဲ့သို့မြည်တမ်း၍၊ ချိုးကဲ့သို့ ညည်းညူကြ၏။ တရားစီရင်ခြင်းကို မြော်လင့်၍ မရကြ။ ကယ်တင်ခြင်းကျေးဇူးကို မြော်လင့်သော်လည်း၊ ငါတို့နှင့် ဝေးလှ၏။

  8. ဟေရှာယအနာဂတ္တိကျမ်း 59:12ခရစ်တော် မပေါ်မီ 698 ခန့်

    ငါတို့အပြစ်တို့သည် ရှေ့တော်၌ များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တဘက်၌ သက်သေခံကြ၏။ ကိုယ် အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျက်၊ ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ၏။

  9. ဟေရှာယအနာဂတ္တိကျမ်း 59:13ခရစ်တော် မပေါ်မီ 698 ခန့်

    ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကို ပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသော စကား၊ ပုန်ကန်သော စကားကို ပြောခြင်း၊ မဟုတ်မမှန် သောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မြွက်ဆို ခြင်းကို ပြုကြပြီ။

  10. ဟေရှာယအနာဂတ္တိကျမ်း 59:14ခရစ်တော် မပေါ်မီ 698 ခန့်

    ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ။ တရားသည် အဝေးကရပ်၍ နေ၏။ သစ္စာသည် လမ်း၌ လဲပြီ။ ဖြောင့်သောသဘော မဝင်နိုင်ရာ။

  11. ဟေရှာယအနာဂတ္တိကျမ်း 59:15ခရစ်တော် မပေါ်မီ 698 ခန့်

    သစ္စာသည် ပျက်ခဲ့ပြီ။ ဒုစရိုက်ကို ရှောင်သောသူ သည် လုယူခြင်းကို ခံရ၏။ ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင်၊ တရားမရှိသောကြောင့် မုန်းတော်မူ၏။

  12. ဟေရှာယအနာဂတ္တိကျမ်း 59:16ခရစ်တော် မပေါ်မီ 698 ခန့်

    လူတယောက်မျှမရှိသည်ကို မြင်တော်မူ၏။ တောင်းပန်သောသူတယောက်မျှမရှိသည်ကို အံ့ဩတော် မူ၏။ ထိုကြောင့်၊ မိမိလက်တော်သည် မိမိအဘို့ ကယ်တင်ခြင်းအမှုကိုပြု၍၊ မိမိဖြောင့်မတ်ခြင်းတရားသည် မိမိကို ထောက်ပင့်၏။

  13. ဟေရှာယအနာဂတ္တိကျမ်း 59:17ခရစ်တော် မပေါ်မီ 698 ခန့်

    ဖြောင့်မတ်ခြင်းတရားတည်းဟူသော ရင်ကျပ် ကို ဝတ်ဆင်၍၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက် လုံးကို ဆောင်းတော်မူ၏။ အပြစ်ပေးခြင်းအဝတ်ကို၎င်း၊ စိတ်အားကြီးခြင်းဝတ်လုံကို၎င်း ယူတင်ဝတ်ဆောင်တော် မူ၏။

  14. ဟေရှာယအနာဂတ္တိကျမ်း 59:18ခရစ်တော် မပေါ်မီ 698 ခန့်

    သူတို့အကျင့်အတိုင်း အကျိုးအပြစ်ကို ဆပ်ပေး တော်မူမည်။ ရန်ဘက်ပြုသော သူတို့အား အမျက်တော် ကို၎င်း၊ ရန်သူတို့ ခံထိုက်သည်အတိုင်း အပြစ်ကို၎င်း၊ တကျွန်းတနိုင်ငံသားတို့အား အကျိုးအပြစ်ကို၎င်း ဆပ်ပေးတော်မူမည်။

  15. ဟေရှာယအနာဂတ္တိကျမ်း 59:19ခရစ်တော် မပေါ်မီ 698 ခန့်

    သို့ဖြစ်၍၊ အနောက်မျက်နှာသားတို့နှင့်၊ နေထွက် ရာအရပ်သားတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဘုန်းတော်ကို ရိုသေကြလိမ့်မည်။ ရန်သူသည် ရေလွှမ်းမိုး သကဲ့သို့ ဝင်သောအခါ၊ ထာဝရဘုရား၏ ဝိညာဉ်တော် သည် ဆီးတားတော်မူမည်။

  16. ဟေရှာယအနာဂတ္တိကျမ်း 59:20ခရစ်တော် မပေါ်မီ 698 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရွေးနှုတ် သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍၊ မတရား သော အမှုမှလွှဲသော ယာကုပ်အမျိုးသားတို့ ရှိရာသို့ ရောက်လတံ့။

  17. ဟေရှာယအနာဂတ္တိကျမ်း 59:21ခရစ်တော် မပေါ်မီ 698 ခန့်

    သူတို့၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရား ဟူမူကား၊ သင်၏အပေါ်မှာ ကျိန်းဝပ်သော ငါ၏ဝိညာဉ် နှင့် သင်၏နှုတ်၌ ငါထားသော စကားသည်၊ ယခုမှစ၍ ကာလအစဉ်အဆက် သင်၏နှုတ်၊ သင့်အမျိုးအနွယ်၏ နှုတ်နှင့်၊ သင့်အမျိုးအနွယ်၏ အမျိုးအနွယ်၏နှုတ်ထဲက မထွက်မပျောက်ရဟု ထာဝရဘုရား မိန့်တော်မူ၏။

  18. ဟေရှာယအနာဂတ္တိကျမ်း 60:1ခရစ်တော် မပေါ်မီ 698 ခန့်

    သင်ထလော့။ လင်းလော့။ သင်၏အလင်း ရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏ အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။

  19. ဟေရှာယအနာဂတ္တိကျမ်း 60:2ခရစ်တော် မပေါ်မီ 698 ခန့်

    ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံး လွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက် ရှိလိမ့်မည်။

  20. ဟေရှာယအနာဂတ္တိကျမ်း 60:3ခရစ်တော် မပေါ်မီ 698 ခန့်

    တပါးအမျိုးသားတို့သည် သင်၏အလင်းသို့၎င်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်းအရောင်သို့၎င်း လာကြလိမ့်မည်။

  21. ဟေရှာယအနာဂတ္တိကျမ်း 60:4ခရစ်တော် မပေါ်မီ 698 ခန့်

    အရပ်ရပ်သို့ မျှော်ကြည့်လော့။ ခပ်သိမ်းသော သူတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ သင်၏ သား သမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစား ခြင်းကို ခံကြလိမ့်မည်။

  22. ဟေရှာယအနာဂတ္တိကျမ်း 60:5ခရစ်တော် မပေါ်မီ 698 ခန့်

    ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်း ခြင်း ရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ၏ကြွယ်ဝခြင်းသည် သင့် ဘက်သို့ ပြောင်းလဲ၍၊ တပါးအမျိုးသားတို့၏ စည်းစိမ် သည် သင့်လက်သို့ ရောက်လိမ့်မည်။

  23. ဟေရှာယအနာဂတ္တိကျမ်း 60:6ခရစ်တော် မပေါ်မီ 698 ခန့်

    ကုလားအုပ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှ ဖြစ်သော ကုလားအုပ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့် မည်။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည်။ ရွှေနှင့်လောဗန်ကို ဆောင်ခဲ့၍၊ ထာဝရဘုရား၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်။

  24. ဟေရှာယအနာဂတ္တိကျမ်း 60:7ခရစ်တော် မပေါ်မီ 698 ခန့်

    ကေဒါပြည်၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည်။ နဗာယုတ်ပြည်၏ ဆိတ်တို့သည် သင် ၏အမှုကို ဆောင်ရွက်၍၊ နှစ်သက်ဘွယ်သော လက္ခဏာ နှင့် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ၍ ဘုန်းပွင့်စေမည်။

  25. ဟေရှာယအနာဂတ္တိကျမ်း 60:8ခရစ်တော် မပေါ်မီ 698 ခန့်

    မိုဃ်းတိမ်ကဲ့သို့၎င်း၊ မိမိတို့အိမ်သို့ ပျံသော ချိုး များကဲ့သို့၎င်း ပျံလာသော ဤသူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။