အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဇာခရိအနာဂတ္တိကျမ်း 5:3ခရစ်တော် မပေါ်မီ 519 ခန့်

    ကောင်းကင်တမန်ကလည်း၊ ထိုစာစောင်သည် တပြည်လုံးကို နှံ့ပြားသော ကျိန်ခြင်းဖြစ်၏။ ခိုးတတ်သော သူရှိသမျှတို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။ အကျိန်ရဲသော သူရှိသမျှ တို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ် ဖြတ်ခြင်းကို ခံရကြမည်။

  2. ဇာခရိအနာဂတ္တိကျမ်း 5:4ခရစ်တော် မပေါ်မီ 519 ခန့်

    ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ထိုစာစောင်ကို ငါထုတ်ဘော်မည်။ ခိုး တတ်သော သူ၏အိမ်ထဲသို့၎င်း၊ ငါ့နာမကို တိုင်တည်၍ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ်ထဲသို့၎င်း ဝင်၍ နေရာကျသဖြင့်၊ သစ်သားများ၊ ကျောက်များနှင့် တကွ ထိုအိမ်ကိုစားလိမ့်မည်ဟု မိန့်တော်မူ၏။

  3. ဇာခရိအနာဂတ္တိကျမ်း 5:5ခရစ်တော် မပေါ်မီ 519 ခန့်

    တဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန် သည် ထွက်၍၊ ယခုထွက်လာသောအရာကို မျှော်ကြည့် လော့ဟု ငါ့အားဆိုလျှင်၊

  4. ဇာခရိအနာဂတ္တိကျမ်း 5:6ခရစ်တော် မပေါ်မီ 519 ခန့်

    ထိုအရာကား အဘယ်အရာနည်းဟု ငါမေး သော်၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည်ဟူ၍ ၎င်း၊ ထိုအရာသည် တပြည်လုံး၌ သူတို့၏အကြံအစည်ဖြစ် သည်ဟူ၍၎င်း ဆို၏။

  5. ဇာခရိအနာဂတ္တိကျမ်း 5:7ခရစ်တော် မပေါ်မီ 519 ခန့်

    ခဲအခွက်တဆယ်ကိုလည်း အထက်သို့ ချီ မြှောက်၍ မိန်းမတယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။

  6. ဇာခရိအနာဂတ္တိကျမ်း 5:8ခရစ်တော် မပေါ်မီ 519 ခန့်

    ကောင်းကင်တမန်ကလည်း၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ်၏ဟုဆိုလျက်၊ သူ့ကို ဧဖာထဲကို ချထား ၍ ဧဖာအဝပေါ်မှာ ခဲပြားကို တင်လေ၏။

  7. ဇာခရိအနာဂတ္တိကျမ်း 5:9ခရစ်တော် မပေါ်မီ 519 ခန့်

    တဖန် ငါမျှော်ကြည့်၍၊ တောငန်း၏အတောင် ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည်၊ အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုဃ်းကောင်းကင်စပ်ကြားသို့ ချီသွားကြ၏။

  8. ဇာခရိအနာဂတ္တိကျမ်း 5:10ခရစ်တော် မပေါ်မီ 519 ခန့်

    ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊

  9. ဇာခရိအနာဂတ္တိကျမ်း 5:11ခရစ်တော် မပေါ်မီ 519 ခန့်

    ရှိနာပြည်၌ ဧဖာအဘို့ အိမ်ဆောက်ခြင်းငှါ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်ဟု ဆို၏။

  10. ဇာခရိအနာဂတ္တိကျမ်း 6:1ခရစ်တော် မပေါ်မီ 519 ခန့်

    တဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ၏။

  11. ဇာခရိအနာဂတ္တိကျမ်း 6:2ခရစ်တော် မပေါ်မီ 519 ခန့်

    ပဌမရထား၌ မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊

  12. ဇာခရိအနာဂတ္တိကျမ်း 6:3ခရစ်တော် မပေါ်မီ 519 ခန့်

    တတိယရထား၌မြင်းဖြူ၊ စတုတ္ထရထား၌ ခွန် အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ၏။

  13. ဇာခရိအနာဂတ္တိကျမ်း 6:4ခရစ်တော် မပေါ်မီ 519 ခန့်

    အကျွန်ုပ်သခင်၊ ထိုရထားတို့ကား အဘယ်သို့ နည်းဟု ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊

  14. ဇာခရိအနာဂတ္တိကျမ်း 6:5ခရစ်တော် မပေါ်မီ 519 ခန့်

    ကောင်းကင်တမန်က၊ ထိုရထားတို့သည်၊ မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ရှေ့ တော်၌ ရပ်နေရာမှ ထွက်သွားသော မိုဃ်းကောင်းကင် လေ လေးပါးဖြစ်၏။

  15. ဇာခရိအနာဂတ္တိကျမ်း 6:6ခရစ်တော် မပေါ်မီ 519 ခန့်

    ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွား ကြ၏။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ၏။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ၏ဟု ဆို၏။

  16. ဇာခရိအနာဂတ္တိကျမ်း 6:7ခရစ်တော် မပေါ်မီ 519 ခန့်

    ခွန်အားကြီးသော မြင်းတို့သည် ထွက်၍၊ မြေ ကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှါ အား ထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍ မြေကြီး ပေါ်မှာ တောင်မြောက်သို့ လှည်လည်ကြလော့ ဟုဆိုသည် အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။

  17. ဇာခရိအနာဂတ္တိကျမ်း 6:8ခရစ်တော် မပေါ်မီ 519 ခန့်

    ကောင်းကင်တမန်သည်လည်း ငါ့ကို ခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။

  18. ဇာခရိအနာဂတ္တိကျမ်း 6:9ခရစ်တော် မပေါ်မီ 519 ခန့်

    တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊

  19. ဇာခရိအနာဂတ္တိကျမ်း 6:10ခရစ်တော် မပေါ်မီ 519 ခန့်

    အရင်သိမ်းသွားခြင်းကို ခံရ၍ ယခု ဗာဗုလုန် မြို့မှ ပြန်လာသော ဟေလဒဲအမျိုး၊ တောဘိယအမျိုး၊ ယေဒါယအမျိုးအချို့တို့ကို ခေါ်၍၊ တနေ့ခြင်းတွင် ဇေဖနိ၏သားယောရှိအိမ်သို့ သွားပြီးသော်၊

  20. ဇာခရိအနာဂတ္တိကျမ်း 6:11ခရစ်တော် မပေါ်မီ 519 ခန့်

    ရွှေငွေတို့ကို ယူ၍ သရဖူကို လုပ်ပြီးလျှင် ယောဇ ဒက်သား ယဇ်ပုရောဟိတ်မင်းယောရှု၏ ခေါင်းပေါ်မှာ တင်လော့။

  21. ဇာခရိအနာဂတ္တိကျမ်း 6:12ခရစ်တော် မပေါ်မီ 519 ခန့်

    ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွန့်အမည် ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။

  22. ဇာခရိအနာဂတ္တိကျမ်း 6:13ခရစ်တော် မပေါ်မီ 519 ခန့်

    ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက် ပြီးလျှင်၊ ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင် တော် ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ်၍၊ ထိုနှစ်ပါးတို့သည် မိဿဟာယ ပဋိညာဉ်ကို ဖွဲ့ကြ လိမ့်မည်။

  23. ဇာခရိအနာဂတ္တိကျမ်း 6:14ခရစ်တော် မပေါ်မီ 519 ခန့်

    ထိုသရဖူသည်ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဘို့၊ ထာဝရဘုရား၏ ဗိမာန် တော်၌ သက်သေဖြစ်ရမည်။

  24. ဇာခရိအနာဂတ္တိကျမ်း 6:15ခရစ်တော် မပေါ်မီ 519 ခန့်

    ဝေးသော သူတို့သည်လည်းလာ၍ ထာဝရဘုရား၏ ဗိမာန်တော်၌ တည်ဆာက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို စေ့စေ့နားထောင်လျှင်၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ၏။

  25. ဇာခရိအနာဂတ္တိကျမ်း 7:1ခရစ်တော် မပေါ်မီ 518 ခန့်

    ဒါရိမင်းကြီးနန်းစံလေးနှစ်၊ ခိသလုမည်သော နဝမလလေးရက်နေ့တွင်၊